Skip to content

လေယာဉ် ဘယ်လိုလေထဲ ပျံသလဲ

လေယာဉ်တွေ လေထဲဘယ်လို ပျံသလဲ (Credit: Skeeze | Pixabay)

လေယာဉ် ဘယ်လိုပျံလဲဆိုတာ သင်စဉ်းစားမိရဲ့လား။ လေယာဉ်ဟာ လေထက်လေးပါတယ်။ မိုးပျံပူဖေါင်းတွေက လေထက်ပေါ့တဲ့ အတွက် လေပေါ်ပျံဝဲ တက်သွားပေမယ့် လေယာဉ်ကတော့ လေထက်လေးတဲ့ အတွက်ကြောင့် သူ့အလိုလို လေပေါ်ပျံဝဲပြီး တက်မသွားနိုင်ပါဘူး။

ဒါဆို ဒီလောက်လေးတဲ့ လေယဉ်ကြီး ဘယ်လိုလေပေါ်ပျံဝဲတက်သွားသလဲ။ မသိချင်ဘူးလား။

လေယာဉ်ပျံတက်တာ မြင်ဘူးကြတယ် မဟုတ်လား။ အသံအကျယ်ကြီး မြည်ပြီး တက်သွားတာလေ။ ဂျက်လေယာဉ်တွေဆို ပိုတောင် အသံကျယ်သေး။ ဒါဆိုလေယာဉ်ပျံရတာ အင်ဂျင်ကြောင့်ဆို ငြင်းချင်းကြ ပါသလား။

တကယ်တော့ လေယာဉ်ပျံရတာဟာ အင်ဂျင်ကြောင့်မဟုတ်ပါဘူး။ အင်ဂျင်က လေယာဉ်ပျံတက်ဖို့ လိုအပ်တဲ့ တွန်းအားကို ပေးတာဖြစ်ပေမယ့် တကယ်ပျံတက်ရတာကတော့ လေယာဉ်ရဲ့ အတောင်ပံ ကြောင့်ပါ။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: