Skip to content

လေယာဉ်တွေ ဘယ်လောက်မြင့်မြင့် ပျံနိုင်သလဲ

how-high-can-plane-fly

ကောင်းကင်မှာ ဂျက်လေယာဉ် ပျံသွားရာက ထွက်ပေါ်လာတဲ့ မီးခိုးတန်း ဖြူဖြူ လေးတွေကို မကြာခန တွေ့မိကြ မှာပါ။ ဒီ မြင်နေရတဲ့ ဂျက်လေယာဉ် တွေဟာ ဘယ်လောက် အမြင့်ကနေ ပျံနေတာလဲ ဆိုတာကိုရော မေးမိကြ ပါသလား။

အကယ်လို့ သင့်ကလေးက အဲ့သည် လေယာဉ်ဟာ ဘယ်လောက် အမြင့်ကနေ ပျံနေတာလဲ ဆိုပြီး ကောက်ကာငင်ကာ မေးလိုက်ရင် ဘယ်လို ဖြေရမှန်း မသိပဲ ဆွံ့အ သွားဖူး ပါသလား။ ဒါဆို ဒီဆောင်းပါး အပြီးမှာတော့ ဒီမေးခွန် နောက်တခါ အမေးခံ ရရင် ဖြေစရာ အဖြေ အဆင်သင့် ရှိနေမှာ ဖြစ်ပါတယ်။

ကောင်းကင်မှာ မီးခိုးတန်းတွေ တန်းပြီး ပျံသန်းနေတဲ့ လေယာဉ် တစ်စင်းရဲ့ အမြင့်ဟာ ကမ္ဘာ့ မြေမျက်နှာပြင် အထက် ပေ ထောင်ချီ အမြင့်ကနေ ပျံသန်းနေတယ် ဆိုတာကတော့ ထင်ရှားပါတယ်။ ဒါပေမယ့် ဘယ်လောက် အထိ မြင့်သလဲဗျာ။

ခရီးသည်တင် ဂျက်လေယာဉ်တွေ ပျံသန်းတဲ့ အမြင့်ဟာ တသမတ် ထဲတော့ မဟုတ်ပါဘူး။ ဒီ လေယာဉ်ရဲ့ အမျိုးအစား၊ လူနဲ့ ကုန် အပါဝင် အလေးချိန်၊ ပတ်ဝန်းကျင် လေထုရဲ့ အပူချိန် နဲ့ ရာသီဥတု အခြေအနေ တွေ ပေါ် အများကြီး မူတည်ပါတယ်။ 

နောက်ပြီး လေယာဉ် ဖြတ်သန်း ပျံသန်းနေတဲ့ သက်ဆိုင်ရာ လေပိုင်နက်က လေကြောင်းထိန်းချုပ်ရေး (air traffic control) ရဲ့ ညွှန်ကြားချက် နဲ့ စည်းမျဉ်း စည်းကမ်း တွေကိုလဲ လိုက်နာ ပျံသန်း ကြရပါတယ်။ ဒါ့အပြင် လေယာဉ်ဟာ ဘယ်အရပ်ကို ဦးတည် နေသလဲ ဆိုတာပေါ်လဲ မူတည်နေ ပါသေးတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: