Skip to content

အိန္ဒိယ ရေတပ်မတော်၏ လေယာဉ်တင် သင်္ဘောကြီး ပင်လယ်ပြင် စမ်းသပ်မှု အောင်မြင်စွာ ပြီးဆုံး

အိန္ဒိယ ရေတပ်မတော်ရဲ့ ပြ်ည်တွင်းထုတ် INS Vikrant လေယာဉ်တင် သင်္ဘောကြီး

အိန္ဒိယ နိုင်ငံ ရေတပ်မတော် အတွက် ပြည်တွင်းမှာ ပထမဆုံး တည်ဆောက်တဲ့ Indigenous Aircraft Carrier (IAC) Vikrant ဗီခရန့် လေယာဉ်တင် သင်္ဘောကြီးဟာ ၅ ရက်ကြာ ပင်လယ်ပြင် စမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်ပြီးစီးသွားပြီ ဖြစ်ပါတယ်။

အိန္ဒီယ ရေတပ် တာဝန်ရှိသူတွေက ပြောကြားရာမှာ စမ်းသပ်မှု ကာလအတွင်း ဒီလေယာဉ်တင် သင်္ဘောကြီးရဲ့ စံနစ်အားလုံး ကျေနပ်ဖွယ် ရှိခဲ့တယ်လို့ ပြောကြာပါတယ်။ ဒီ စမ်းသပ်မှု ကာလအတွင်းမှာ ဒီသင်္ဘောကြီးရဲ့ ကိုယ်ထည်ပိုင်း ကြံ့ခိုင်မှု၊ စက်ပိုင်း ကြံ့ခိုင်မှု၊ အင်ဂျင်စွမ်းအား နဲ့ အထောက်အကူပြု ပစ္စည်း ကိရိယာများရဲ့ ပုံမှန် လုပ်ဆောင်မှု တို့ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ပင်လယ်ပြင် စမ်းသပ်မှုကို ရေတပ်မတော်ရဲ့ ရေကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး Vice Admiral AK Chawla က တာဝန်ယူ ကြီးကြပ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ တောင်ပိုင်းရေတပ် ဌာနချုပ်ရဲ့ ဌာနချုပ်မှူး လဲ ဖြစ်ပါတယ်။ သူက ဒါဟာ အိန္ဒိယ ရေတပ်မတော် သမိုင်းမှာ သမိုင်းဝင် နေ့တစ်နေ့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အိန္ဒိယ ရေတပ်မတော်ရဲ့ ပြ်ည်တွင်းထုတ် INS Vikrant လေယာဉ်တင် သင်္ဘောကြီး
အိန္ဒိယ ရေတပ်မတော်ရဲ့ ပြ်ည်တွင်းထုတ် INS Vikrant လေယာဉ်တင် သင်္ဘောကြီး

“ဒီ လေယာဉ်တင် သင်္ဘောကြီးရဲ့ စံနစ်နဲ့ အစိတ်အပိုင်းအားလုံးရဲ့ လုပ်ငန်းလုပ်ဆောင်မှုနဲ့ ကြံ့ခိုင်မှုတွေကို ပင်လယ်ပြင် စမ်းသပ်မှုပေါင်း များစွာနဲ့ ဆက်လက်စမ်းသပ်သွားမှာ ဖြစ်ပါတယ်။ ကျေနပ်လောက်တဲ့ ရလဒ် ရရှိပြီးမှသာ ရေတပ်မတော်ကို လွဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်” လို့ အိန္ဒိယ ရေတပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒီ ဗီခရန့် လေယာဉ်တင် သင်္ဘောကြီးကို အိန္ဒိယ နိုင်ငံ လွတ်လပ်ရေးနေ့  ၇၅ နှစ် ပြည့်မှာ ရေတပ်ကို တပ်တော်ဝင် နိုင်ဖို့ ရည်မှန်းထားတာပါ။ ဒီ လေယာဉ်တင် သင်္ဘောကြီးကို ပြည်တွင်းမှာ တည်ဆောက်နိုင်တာဟာ အိန္ဒိယ နိုင်ငံ အတွက် အထူးအရေးပါတဲ့ အောင်မြင်မှုပဲ ဖြစ်ပါတယ်။

ဒီ လေယာဉ်တင် သင်္ဘောကြီးဟာ အလျား ၂၆၂ မီတာ၊ အနံ ၆၂ မီတာ ရှိပြီး တန်ချိန် ၃၉,၀၀၀ တန် အလေးချိန် ရှိပါတယ်။ လေယာဉ်တွေ လွှတ်တင်တာနဲ့ ပြန်လည် ဆင်းသက်တာကိုတော့ ​STOBAR (Short Take-Off But Arrested Recovery) နည်းပညာကို အသုံးပြုထားပါတယ်။ 

အိန္ဒိယ ရေတပ်မတော်ရဲ့ ပြ်ည်တွင်းထုတ် INS Vikrant လေယာဉ်တင် သင်္ဘောကြီး တည်ဆောက်နစဉ်
အိန္ဒိယ ရေတပ်မတော်ရဲ့ ပြ်ည်တွင်းထုတ် INS Vikrant လေယာဉ်တင် သင်္ဘောကြီး တည်ဆောက်နေစဉ်

(ဘာသာပြန်သူ မှတ်ချက်။ ဒီ STOBAR စနစ်မှာ လေယာဉ်တွေဟာ ကိုယ့်အင်ဂျင်အားနဲ့ကိုယ် တက်ရောက်တာ ဖြစ်ပါတယ်။ ပြေးလမ်းတိုမှာ တက်ရောက်နိုင်ဖို့ လေယာဉ်တင် သင်္ဘောရဲ့ ရှေ့ပိုင်းမှာ ပြေးလမ်းကို အပေါ်ကို မတ်ပေးထားပါတယ်။ ပြန်ဆင်းတဲ့ အခါမှာတော့ လေယာဉ် ရပ်အောင် လေယာဉ် နောက်က ချိတ်တွဲလောင်းချပြီး ပြေလမ်းမှာ တားထားတဲ့ ကြိုးနဲ့ ချိတ်ဆက် ရပ်တန့်စေတဲ့ စံနစ် ဖြစ်ပါတယ်။ အမေရိကန် လေယာဉ်တင် သင်္ဘောတွေကတော့ လေယာဉ်တွေကို လောက်လွှဲနဲ့ ပစ်တင်တဲ့ စံနစ်ကို အသုံးပြုပါတယ်)

ဒီလေယာဉ်တင် သင်္ဘောမှာ လေယာဉ် စုစုပေါင်း ၃၆ စင်းကနေ အစင်း ၄၀ ခန့်ထိ တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီအထဲမှာ ရုရှားနိုင်ငံထုတ် MiG-29K အမျိုးအစား ၂၆ စင်းလဲ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Kamov-31 အမျိုးအစား ရဟတ်ယာဉ်များ၊ MH-60R multi-role helicopter အထွေထွေသုံး ရဟတ်ယာဉ်များ လဲ ပါဝင်မှာ ဖြစ်ပါတယ်။ စုစုပေါင်း  ရေလုံခန်း အခန်း ၂,၃၀၀ ဖွဲ့စည်းတည်ဆောက် ထားပါတယ်။

အိန္ဒိယ ရေတပ်မတော်ရဲ့ ပြ်ည်တွင်းထုတ် INS Vikrant လေယာဉ်တင် သင်္ဘောကြီး
အိန္ဒိယ ရေတပ်မတော်ရဲ့ ပြ်ည်တွင်းထုတ် INS Vikrant လေယာဉ်တင် သင်္ဘောကြီး

အင်အားအနေနဲ့ တပ်ဖွဲ့ဝင် ၁,၇၀၀ ကျော် ပါဝင်မှာ ဖြစ်ပါတယ်။ အမျိုးသမီး အမှုထမ်းတွေ အတွက်လဲ သီးသန့် အိပ်ဆောင်များ စီစဉ် တည်ဆောက် ထားပါတယ်။

ဒီ သင်္ဘောကြီးကို General Electric LM2500 gas turbines ဓါတ်ငွေ့ တာဘိုင် အင်ဂျင် လေးလုံး တပ်ဆင်ထားပါတယ်။ အမြန်ဆုံး တစ်နာရီ ရေမိုင် ၂၈ မိုင် (၅၂ ကီိလိုမီတာ / ၃၂ မိုင်) ထိ မောင်းနှင်နိုင်မှာ ဖြစ်ပြီး စုစုပေါင်း ရေမိုင် ၈,၀၀၀ (ကီလိုမီတာ ၁၅,၀၀၀ / မိုင် ၉,၂၀၀) အထိ မရပ်မနား မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ရေတပ်သား ၁,၆၄၅ ဦးနဲ့ အရာရှိ ၁၉၆ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

အိန္ဒိယ ရေတပ်မတော်ရဲ့ ပြ်ည်တွင်းထုတ် INS Vikrant လေယာဉ်တင် သင်္ဘောကြီး
အိန္ဒိယ ရေတပ်မတော်ရဲ့ ပြ်ည်တွင်းထုတ် INS Vikrant လေယာဉ်တင် သင်္ဘောကြီး
အိန္ဒိယ ရေတပ်မတော်ရဲ့ ပြ်ည်တွင်းထုတ် INS Vikrant လေယာဉ်တင် သင်္ဘောကြီး
အိန္ဒိယ ရေတပ်မတော်ရဲ့ ပြ်ည်တွင်းထုတ် INS Vikrant လေယာဉ်တင် သင်္ဘောကြီး

Reference: Successful sea trials for Indian Navy INS Vikrant aircraft carrier

error: