Skip to content

ထိုင်းနိုင်ငံတွင် ဒိုင်နိုဆော ခြေရာများ ရှာတွေ့

  • Earth
dinosaur-foot-print

ထိုင်းနိုင်ငံ မြောက်ပိုင်း ပက်ချဘွန်း ခရိုင်မှာ ရှေးဟောင်း ဒိုင်နိုဆော တွေရဲ့ ကျောက်ဖြစ်နေတဲ့ ခြေရာတွေကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ထိုင်းအစိုးရ တွင်းထွက်သံယံဇာတ ဦးစီးဌာန ရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ ဒီ ဒိုင်နိုဆော ခြေရာတွေဟာ သက်တမ်းအားဖြင့် နှစ်သန်း ၂၂၅ သန်းခန့် ရှိပြီလို့ ယူဆ ရပါတယ်။

ဒီ ဒိုင်နိုဆော ခြေရာတွေကို ပက်ချဘွန်း ခရိုင်၊ နမ်နာအို မြို့နယ် (Phetchabun’s Nam Nao district) မှာ တည်ရှိတဲ့ ဟွေဟင်လတ် ကျောက်လွှာအတွင်းက ရေခမ်းသွားတဲ့ ချောင်းလေး တစ်ခုအတွင်းမှာ ရှာဖွေ တွေ့ရှိခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီ ခြေရာတွေ ရှာဖွေတွေ့ရှိကြောင်း သတင်းပိုချက်အရ တွင်းထွက်သံယံဇာတ ဦးစီးဌာန က ပညာရှင် တွေဟာ ဒီခြေရာတွေ ရှိရာဆီ ကွင်းဆင်းပြီး အသေးစိတ် လေ့လာမှု ပြုလုပ်ခဲ့ ကြပါတယ်။ 

ဒီ ခြေရာ တွေဟာ အကျယ်အားဖြင့် ၁၀ မီတာခန့် ကျယ်ပြီး အရှည် ၃ မီတာခန့် ရှိတဲ့ ဧရာမ ခြေရာကြီးတွေ ဖြစ်ကြပါတယ်။ ဒီခြေရာ ကိုကြည့်ခြင်းအားဖြင့် ဒီ ဒိုင်နိုဆော တွေဟာ အရွယ်အစား အလွန်ကြီးမားတဲ့ ဒိုင်နိုဆော ကြီးတွေ ဖြစ်မယ်လို့ ခန့်မှန်း ကြပါတယ်။

ဒီ ခြေရာတွေ ဖြစ်ပေါ်ခဲ့တဲ့ ကာလဟာ Triassic Period ကာလ အနှောင်းပိုင်းခန့်မှာ ဖြစ်မယ်လို့ ယူဆ ရပါတယ်။ ဒီကာလဟာ လွန်ခဲ့တဲ့ နှစ် ၂၂၅ သန်းခန့်က ဖြစ်ပါတယ်။ 

အခု ခြေရာ ရှာဖွေ တွေ့ရှိမှုကြောင့် ထိုင်းနိုင်ငံနဲ့ အရှေ့တောင် အရှ ဒေသတွေမှာ အဲ့သည် အချိန်က နေထိုင် ကျက်စား ခဲဲ့ကြတဲ့ သတ္တဝါ ကြီးတွေရဲ့ အကြောင်း တစိတ်တပိုင်း ဖြစ်ဖြစ် သိရှိလာခဲ့ ရပါတယ်။

သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များရဲ့ အဆိုအရ ဒီ ကာလမှာ ရာသီ ပူပြင်းမှုကြောင့် စမ်းချောင်းထဲက ရေတွေ ခမ်းသွားတာကြောင့် ဒီ ခြေရာတွေကို တွေ့မြင်ခွင့် ရတာလို့ သိရပါတယ်။ ဒီ ခြေရာတွေဟာ sauropod လို့ခေါ်တဲ့ လည်ပင်းရှည် အသီးအရွက်စား ဒိုင်နိုဆော ကြီးတွေရဲ့ ခြေရာတွေ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

အခု ခြေရာ ရှာဖွေ တွေ့ရှိမှုကြောင့် ထိုင်းနိုင်ငံမှာ ရှေးခေတ်က မှီတင်း နေထိုင် ခဲ့ကြတဲ့ ဒိုင်နိုဆောနဲ့ အခြား ရှေးဟောင်း သတ္တဝါတွေ အကြောင်း ပိုမို သိရှိ လာနိုင်မှာ ဖြစ်ပါတယ်။ ဒီ ရှာဖွေ တွေ့ရှိမှုကြောင့် ဒေသတွင်းမှာ ကျောက်ဖြစ်ရုပ်ကျွင်း ရှာဖွေမှု သုတေသနတွေ ပိုမို တိုးပွားလာနိုင်မယ်လို့လဲ မျှော်လင့်ရပါတယ်။

အခု ဒိုင်နိုဆော ခြေရာ ကျောက်ဖြစ်ရုပ်ကျွင်း ရှာတွေ့ခဲ့တဲ့ ပက်ချဘွန်း ဒေသဟာ သမိုင်း နဲ့ ဘူမိဗေဒ ဆိုင်ရာအရ အရေးပါတဲ့ အမွေအနှစ် အများအပြား ရှိတဲ့ ဒေသ ဖြစ်ပါတယ်။ ဒီဒေသကနေ ယခင်ကလဲ ရှေးဟောင်း ပစ္စည်း အများအပြား နဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အများအပြားကို တူးဖာ် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီ သမိုင်း အထောက်အထားတွေကို အခြေပြုပြီး ပညာရှင်တွေ အနေနဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာက ဒီဒေသမှာ မှီတင်း နေထိုင် ခဲ့ကြတဲ့ သက်ရှိတွေရဲ့ သမိုင်းကို ပြန်လည် ရုပ်လုံး ဖော်နိုင် ခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ် တုန်းကလဲ ဒီဒေသမှာပဲ ဒိုင်နိုဆော ခြေရာ အများအပြား ရှာတွေ့ ခဲ့ပါသေးတယ်။ အခု ရှာဖွေ တွေ့ရှိမှုကြောင့် ဒီ ဒေသရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း သုတေသန အရေးပါမှုကို ပိုမို ခိုင်မာ သွားစေပါတယ်။

Ref: Bangkok Post

error: