Skip to content

ရှေးဟောင်းဗုဒ္ဓဆင်းတုတစ်ဆူ အီဂျစ်ပြည်တွင်တူးဖေါ်ရရှိ

  • History
buddha-statue-egypt

အီဂျစ်နိုင်ငံ ဘီရီနီစ် ထရိုဂလိုဒိုင်တစ် (Berenice Troglodytic) ဒေသမှာ ရှာဖွေတူးဖေါ်ရေး ပြုလုပ်နေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေဟာ အေဒီ ၂ ရာစုကလို့ ယူဆရတဲ့ ဗုဒ္ဓရုပ်ပွား ဆင်းတုတဆူကို တူးဖေါ်ရရှိ ခဲ့တယ်လို့ အီဂျစ် ခရီးသွား နှင့် ရှေးဟောင်း သုတေသန ဝန်ကြီးဌာန (Egypt Ministry of Tourism and Antiquities) ရဲ့ ထုတ်ပြန် ကြေငြာချက်အရ သိရှိရပါတယ်။

Berenice ဒေသဟာ အီဂျစ် နိုင်ငံရဲ့ ပင်လယ်နီ အနောက်ဖက် ကမ်းမှာရှိတဲ့ ရှေးဟောင်း ပင်လယ်ဆိပ်ကမ်းမြို့တမြို့ ဖြစ်ပါတယ်။ ဒီမြို့ကို ဘီစီ ၂၈၅ ကနေ ၂၄၆ ခုနှစ်အတွင်း စိုးစံခဲ့တဲ့ ဒုတိယမြောက် တိုလမီ ဘုရင် ဖီလစ်ဒဲလ်ဖတ်စ်(Ptolemy II Philadelphus, 285–246 BC) က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ မြို့နာမည်ကို သူ့ရဲ့မိခင် Berenice I of Egypt ကိုဂုဏ်ပြုပြီး အမည်ပေးခဲ့တာပါ။

အီဂျစ်ပြည်ကို ရောမတွေ သိမ်းပိုက်ထားခဲ့တဲ့ အေဒီ ၁-၂ ရာစု နှစ်တွေ အတွင်းက ဒီမြို့ဟာ အရှေ့တိုင်း အာရှတောင်ပိုင်း နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ। သီရိလင်္ကာ। အာရေးဗီးယား ဒေသတွေနဲ့ အီဂျစ်အထက်ပိုင်း တို့အကြား ဆက်သွယ်ပေးတဲ့ အရေးပါတဲ့ ကုန်သွယ်ရေး ဗဟိုချက်တခု အဖြစ် ရောက်ရှိလာခဲ့ပါတယ်။ 

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: