Skip to content

အီဂျစ်ဂူသင်္ချိုင်း တစ်ခုအတွင်း ဂရိ မံမီရုပ်ကြွင်းများ ရှာတွေ့

  • History
Aswan-tomb-interior-Credit-Egyptian-Italian-mission-West-Aswan

အီဂျစ်ပြည်က ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခုအတွင်းမှာ မြှုပ်နှံထားတဲ့ ဂရိ မံမီရုပ်ကြွင်း တစ်ခုကို ရှေးဟောင်း ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒါဟာ ထူးဆန်းတဲ့ ရှာဖွေ တွေ့ရှိမှု ဖြစ်တယ်လို့ အီဂျစ် ရှေးဟောင်း ပညာရှင် တွေက ပြောကြပါတယ်။ ဒါ့ထက် ပိုထူးဆန်း နေတာကတော့ ဒီ မံမီရုပ်ကြွင်းရဲ့ အမည်ကို ရေးထိုးထားတဲ့ ကြေးပြား တစ်ချပ်ကို ဒီရုပ်ကြွင်းရဲ့ အနီးမှာ ရှာဖွေ တွေ့ရှိ ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီ မံမီကို အီဂျစ်ပြည် အာစဝံ (Aswan) ဒေသက ရှေးဟောင်း ဂရိ နဲ့ ရောမခေတ် နဲ့ ခေတ်ပြိုင် ကာလက ဂူသင်္ချိုင်း တခုအတွင်း တူးဖော် တွေ့ရှိခဲ့ ကြတာ ဖြစ်ပါတယ်။ ကြေးပြားမှာ သူ့ရဲ့ အမည်ကို နစ်ကို စထရာတိုစ် (Nikostratos) လို့ ရေးထိုး ထားပါတယ်။

Aswan-tomb-entrance-Aga-khan-mausoleum-Credit-Egyptian-Italian-Mission-West-Aswan-696x464
သင်္ချိုင်းဂူ ဝင်ပေါက် Credit: Egyptian-Italian Mission West Aswan

အခု တူးဖော် တွေ့ရှိမှုကို အာစဝံ ဒေသ အနောက်ပိုင်းမှာ တူးဖော် သုတေသန ပြုလုပ်နေတဲ့ အီဂျစ်နဲ့ အီတလီ ရှေးဟောင်း သုတေသန အဖွဲ့ တစ်ခုက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ သုတေသီ တွေဟာ အီဂျစ် ဘုရင်မ ကလီယို ပါထရာ ရဲ့ ဂူသင်္ချိုင်းကို ရှာဖွေနေ ကြတဲ့ သုတေသန အဖွဲ့ တစ်ခု ဖြစ်ပါတယ်။

ဒီ ဂူသင်္ချိုင်းဟာ အခု တူးဖော်မှု မတိုင်မီက သင်္ချိုင်း သူခိုးတွေရဲ့ ဖောက်ထွင်းမှု  ခံခဲ့ရ ဖူးပါတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ အခု မံမီ ရုပ်ကြွင်းကို အကောင်းပကတိ မပျက်မစီး ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ သူ့ရုပ်ကြွင်းနဲ့ အတူ မြှုပ်နှံထား ခဲ့တဲ့ မြေအိုးတွေနဲ့ အခြား ပစ္စည်း တွေကိုလဲ အကောင်း ပကတိ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ 

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: