Skip to content

နွေယဉ်စွန်း နေအလင်းကို ဖမ်းယူသည့် နှစ် ၅,၄၀၀ သက်တမ်းရှိ ဂူသင်္ချိုင်း စပိန်တွင် ရှာဖွေတွေ့ရှိ

spain-megalithic-tomb

ရှေးဟောင်း သုတေသန ပညာရှင် တွေဟာ နှစ်ပေါင်း ၅,၄၀၀ သက်တမ်းရှိ ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခုကို စပိန် နိုင်ငံ တောင်ပိုင်းက တောင်တွေအကြားမှာ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ 

ဒီ သင်္ချိုင်းရဲ့ ထူးခြားချက် ကတော့ သင်္ချိုင်းဂ ဝင်ပေါက်ဟာ နွေရာသီ နွေယဉ်စွန်းချိန် ထွက်ပေါ်လာတဲ့ နေရဲ့ အလင်းတန်းတွေကို ဂူအတွင်းပိုင်းကို ဝင်အောင် တည့်တည့် ဖမ်းယူပေးနိုင်အောင် တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်။

ယဉ်စွန်းချိန် (Solstice) ဆိုတာက နေရဲ့ အလင်းရောင် ရရှိချိန်၊ တနည်းအားဖြင့် နေ့တာ အတိုဆုံးနဲ့ အရှည်ဆုံး အချိန်တွေကို ခေါ်တာ ဖြစ်ပါတယ်။ နွေရာသီ နေ့တာအရှည်ဆုံး ရက်ကို နွေယဉ်စွန်းချိန် (summer solstice) လို့ ခေါ်ပြီး ဆောင်းရာသီ နေ့တာ အတိုဆုံး အချိန်ကိုတော့ ဆောင်းယဉ်စွန်းချိန် (winter solstice) လို့ ခေါ်ပါတယ်။

နွေယဉ်စွန်းချိန်ဟာ ကမ္ဘာ့မြောက်ခြမ်းမှာ နှစ်စဉ် ဇွန်လ ၂၀ (သို့) ၂၁ ရက်နေ့တွေမှာ ကျရောက်လေ့ ရှိပါတယ်။ ဒီရက်ဟာ ကမ္ဘာ့မြောက်ခြမ်း အတွက် တစ်နှစ်တာ အတွင်းမှာ နေ့တာ အရှည်ဆုံး ရက်ပဲ ဖြစ်ပါတယ်။

အခု ရှာဖွေတွေ့ရှိတဲ့ ရှေးဟောင်း ဂူသင်္ချိုင်းကို စပိန်နိုင်ငံ တောင်ပိုင်း အန်တီကာရာ ဒေသ (Antequera) မှာ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသဟာ လူလုပ် ရှေးဟောင်း ကျောက်တိုင်တွေ အများအပြား ရှာဖွေ တွေ့ရှိ ထားမှုကြောင့် နာမည် ကျော်ကြားတဲ့ ဒေသ ဖြစ်ပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: