Skip to content

သက်ရှိထင်ရှား ရှိနေသေးတဲ့ ကမ္ဘာ့ရှေးအကျဆုံး သတ္တဝါ ရှာတွေ့

comb-jelly

အမေရိကန် ပြည်ထောင်စုက သိပ္ပံ ပညာရှင် တွေဟာ ကမ္ဘာပေါ်မှာ မျိုးတုန်းပျောက်ကွယ် သွားခြင်း မရှိပဲ ယခုတိုင် အသက်ရှင်သန် နေသေးတဲ့ ရှေးအကျဆုံး သက်ရှိ သတ္တဝါ မျိုးစိတ်ကို ဖေါ်ထုတ် နိုင်ခဲ့ ကြပါတယ်။

သိပ္ပံ ပညာရှင် တွေရဲ့ အဆိုအရ Jelly fish နဲ့ ဆင်ဆင်တူတဲ့ သတ္တဝါဟာ ဒိုင်နိုဆောတွေ ထက်တောင် ပိုပြီး ရှေးကျသေးတယ်လို့ ဆိုပါတယ်။

သိပ္ပံ အမည်နဲ့ ctenophore အရပ်အခေါ် comb jelly လို့ အမည်ပေးထားတဲ့ ဒီ သတ္တဝါဟာ လွန်ခဲ့တဲ့ နှစ်သန်း ၇၀၀ ခန့်ကစလို့ ကမ္ဘာပေါ်မှာ ရှင်သန်ခဲ့တာ ဖြစ်ပါတယ်။ ဒီ နှစ်သန်း ၇၀၀ ခန့် အတွင်းမှာ ဘာမှ ထူးခြားတဲ့ ဆင့်ကဲ ပြောင်းလဲမှု မဖြစ်ခဲ့ပဲ မူလအတိုင်းပဲ ရှိနေ ခဲ့တယ်လို့လဲ ဆိုပါတယ်။

ဒီအချက်သာ မှန်ကန် ခဲ့မယ် ဆိုရင် ဒါဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး သက်ရှိ သတ္တဝါ ဖြစ်လာမှာ ဖြစ်ပါတယ်။ နှစ်သန်း ၇၀၀ ဆိုတာ ဒိုင်နိုဆောတွေ စတင် ရှင်သန်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်သန်း ၂၃၀ ထက်တောင် အများကြီး စောနေပါ သေးတယ်။

နောက်ပြီး ဒီ ctenophore တွေဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ပေါ်ပေါက်လာ ခဲ့တဲ့ တိရစ္ဆာန် တွေနဲ့လဲ အနီးစပ်ဆုံး အမျိုးတော်နေတယ်လို့ ဆိုပါတယ်။ ဒီ့ထက် ပိုထူးခြား တာကတော့ ဒီ အကောင်ကို ယခုတိုင် သမုဒ္ဒရာ အနှံ့အပြားနဲ့ ငါးပြတိုက် တွေမှာ တွေ့မြင်နေရဆဲ ဖြစ်နေတာပါပဲ။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: