Skip to content

မီးတောင်တွေ ဖုံးလွှမ်းနေတဲ့ ဂြိုဟ်တစ်ခုရှာတွေ့

  • Space
LP 791-18 d exoplanet

ကမ္ဘာနဲ့ အရွယ်တူလောက် ရှိပြီး ဂြိုဟ်ကြီးတစ်ခုလုံး မီးတောင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ ဂြိုဟ်ကြီး တစ်စင်းကို နက္ခတ်ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားကြပါတယ်။

LP-791-18 d လို့ အမည်ပေးထားတဲ့ ဒီဂြိုဟ်မှာ ပူနွေးတဲ့ လေထု ရှိမှာမို့ ရေငွေ့တွေနဲ့ အရည်ပျော် နေတဲ့ ရေတွေ ရှိနေနိုင်တယ်လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။ 

ဒီဂြိုဟ်ဟာ ကြယ်နီပု (red dwarf) လေး တစ်လုံးကို ပတ်နေတာ ဖြစ်ပါတယ်။​ ဒီ ကြယ်နီပု လေးဟာ ကမ္ဘာကဆို အလင်းနှစ် ၉၀ လောက် အဝေးမှာ ရှိပါတယ်။ 

ဒီ ဂြိုဟ် ပတ်နေတဲ့ ရပ်ဝန်းဟာ habitable zone လို့ခေါ်တဲ့ သက်ရှင်သန်နိုင်တဲ့ ရပ်ဝန်းရဲ့ အစွန်းနားလေးမှာ ဖြစ်ပါတယ်။ Habitable zone ဆိုတာက ကြယ်တစ်စင်းကနေ အကွာအဝေး မနီးမဝေး သမမျှတတဲ့ အပူချိန်  ရရှိတဲ့ ရပ်ဝန်း ဖြစ်ပါတယ်။

အခု တွေ့ရှိမှုဟာ နာဆာရဲ့ TESS ဂြိုဟ်တုကနေ ပေးပို့တဲ့ အချက်အလက် တွေနဲ့ Spitzer အာကာသ တယ်လီစကုပ် ကြီးကနေ ယခင် ပေးပို့ ထားခဲ့တဲ့ ပုံတွေကို အသေးစိတ် လေ့လာမှုကနေ ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး မြေပြင် အခြေစိုက် တယ်လီစကုပ် တွေက ရရှိတဲ့ အချက်အလက် တွေနဲ့လဲ ထပ်ဆင့် တိုက်ဆိုင် စစ်ဆေး ခဲ့ပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: