Skip to content

ကမ္ဘာနဲ့ အရွယ်တူ ဂြိုဟ်တစ်စင်း ရှာတွေ့

  • Space
RockyExoplanet-HD219134b-ArtistConcept

ကမ္ဘာနဲ့ အရွယ်အစား မတိမ်းမယိမ်း တူညီတဲ့ ဂြိုဟ်တစ်စင်းကို ပညာရှင်တွေ ရှာဖွေ တွေ့ရှိထားတယ်လို့ သိရပါတယ်။

နာဆာရဲ့ ကက်ပလာ အာကာသ တယ်လီစကုပ် (Kepler spacecraft and Transiting Exoplanet Survey Satellite) ကြီးက ဖမ်းယူထား ခဲ့တဲ့ အချက်အလက် တွေကို အသေးစိတ် သုတေသန ပြုရာက ဒီ ဂြိုဟ်ကို ရှာဖွေ တွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ ဂြိုဟ်ဟာ ကမ္ဘာနဲ့ဆို အလင်းနှစ် ၇၀ ပဲ ဝေးတာမို့ အတော်လေး နီးတဲ့ ဂြိုဟ်လို့ ပြောရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကျွန်တော်တို့ နေနဲ့ဆို အိမ်နီးချင်း လို့တောင် ပြောလို့ရပါတယ်။

အသစ်တွေ့တဲ့ ဂြိုဟ်ကို K2-415b လို့ အမည် ပေးထားပါတယ်။ ဒီ ဂြိုဟ်ဟာ ကမ္ဘာနဲ့ အနီးဆုံး ပြင်ပဂြိုဟ် (Exoplanet) တော့ မဟုတ်ပါဘူး။ ဒါပေမယ့် စကြာဝဠာ တစ်ခုလုံးရဲ့ အတိုင်းအတာနဲ့ ယှဉ်မယ် ဆိုရင်တော့ အိမ်နီးနားခြင်း လို့ ပြောလို့ ရလောက်အောင် နီးတဲ့ဂြိုဟ် ဖြစ်ပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: