Skip to content

ပုရွက်ဆိတ်ရဲ့ မျက်နှာ

  • Science
face-of-ant

ပုရွက်ဆိတ် တစ်ကောင်ရဲ့ ကြောက်ရွှံ့ထိတ်လန့်ဖွယ် မျက်နှာကို Eugenijus Kavaliauskas အမည်ရ ဓါတ်ပုံဆရာ တစ်ဦးက အနီးကပ် ရိုက်ကူး နိုင်ခဲ့ပါတယ်။ 

ဒီ ဓါတ်ပုံဟာ ၂၀၂၂ ခုနှစ်က Nikon ကင်မရာ ကုမ္ပဏီက ပြုလုပ်ခဲ့တဲ့ Nikon’s Small World Photomicrography Competition 2022 အတွက် တင်တွင်းခဲ့တဲ့ ပြိုင်ပွဲဝင် ဓါတ်ပုံလဲ ဖြစ်ပါတယ်။ ဒီ ဓါတ်ပုံပြိုင်ပွဲဟာ အဏုစိတ် မှန်ဘီလူး အသုံးပြု ရိုက်ကူးတဲ့ Macrophotography ဓါတ်ပုံတွေကို ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။

ဒီဓါတ်ပုံကို လစ်သူယေးနီးယား နိုင်ငံက ဓါတ်ပုံဆရာ Eugenijus Kavaliauskas က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ Ant (Camponotus) လို့ အမည်ပေးထားတဲ့ ဒီဓါတ်ပုံကို stereo 10x microscope အဏုကြည့် မှန်ပြောင်းအောက်မှာ အဆ ၅ ဆ ချဲ့ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ 

ant-close-up-face
ပုရွက်ဆိတ် မျက်နှာ အနီးကပ်ပုံ (Image credit: Eugenijus Kavaliauskas)

ဒီပုံကို အချို့က ဖိုတိုရှော့ ထားတဲ့ ဓါတ်ပုံလို့ ပြောချင် ပြောကြမယ် (နည်းနည်းတော့ ဖိုတော့ရှော့ ထားတာ သေချာပါတယ်။) ဒါပေမယ့် ဖိုတိုရှော့နဲ့ ပြုပြင်ခြင်း မရှိတဲ့ ပုရွက်ဆိတ် တစ်ကောင်ရဲ့ မျက်နှာကရော ဘယ်လို ရှိမလဲဗျာ။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: