Skip to content

အင်္ဂါဂြိုဟ်ပေါ်မှာ လူသားတွေ ဘယ်လောက်ကြာကြာ နေထိုင်နိုင်မလဲ

  • Space
mars-human-exploration-art-astronauts-working-study-rocks-2

နိုင်ငံတကာက သိပ္ပံပညာရှင်တွေ ပါဝင်တဲ့ သုတေသန အဖွဲ့တစ်ခုဟာ အင်္ဂါဂြိုဟ် ပေါ်မှာ လူသားတွေ ဘယ်လောက် ကြာကြာ နေထိုင် နိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး သုတေသန ပြုလျက် ရှိကြပါတယ်။ ဒီ သုတေသီ အဖွဲ့ဟာ သူတို့ရဲ့ သုတေသန တွေ့ရှိချက်ကို စာတမ်းတစ်စောင် ပြုစုပြီး တင်ပြလာ ပါတယ်။

အင်္ဂါဂြိုဟ်မှာ ကမ္ဘာပေါ်မှာလို သံလိုက်စက်ကွင်း မရှိပါဘူး။ ဒီတော့ အင်္ဂါဂြိုဟ်ပေါ် ကျရောက်လာတဲ့ အာကာသ ရောင်ခြည် (Cosmic rays) တွေနဲ့ အခြား ရေဒီယို သတ္တိကြွ လှိုင်းတွေ၊အမှုန်တွေရဲ့ အန္တရာယ် ကနေ အကာအကွယ် ပေးနိုင်စွမ်း မရှိပါဘူး။ အ

ခု သုတေသီ တွေဟာ အင်္ဂါဂြိုဟ်ပေါ်ကို ဒီလို ကျရောက်တဲ့ ရေဒီယို ဓါတ်ရောင်ခြည်တွေကြောင့် ဂြိုဟ်ပေါ်ကို လာအခြေချကြမယ့် လူသားတွေ အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိမလဲ ဆိုတာနဲ့ ပတ်သက်ပြီး သုတေသန ပြုနေကြတာ ဖြစ်ပါတယ်။

အခု သုတေသနရဲ့ ရလဒ်တွေဟာ အင်္ဂါဂြိုဟ်ပေါ် လူသားတွေ အခြေချမယ့် စီမံကိန်း မစ်ရှင် တွေအတွက် လမ်းညွှန်ချက် တစ်ခုအနေနဲ့လဲ အသုံးပြု သွားနိုင်ဖို့ ရည်ရွယ် ထားကြပါတယ်။

ဒီ သုတေသနရဲ့ တွေ့ရှိချက် တွေအရ အင်္ဂါဂြိုဟ် ပေါ်မှာ သွားရောက် အခြေချကြမယ့် လူသားတွေ အနေနဲ့ ဂြိုဟ်ပေါ်မှာ အချိန်ကာလ ၄ နှစ်ထက် ပိုပြီး ကြာရှည်အောင် နေခဲ့မယ် ဆိုရင် ဓါတ်ရောင်ခြည် သက်ရောက်မှုဟာ လူသားတွေ အတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့ အတိုင်းအတာကို ရောက်ရှိ သွားမယ်လို့ ဆိုပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: