Skip to content

အင်္ဂါဂြိုဟ် ပေါ်က စာအုပ် ကျောက်ဖြစ်ရုပ်ကြွင်းလား

  • Space
martian-book

နာဆာ ရဲ့ Curiosity rover လေ့လာရေး သုတေသန ယာဉ်က ရိုက်ကူး ပေးပို့လိုက်တဲ့ ဓါတ်ပုံတွေ ထဲမှာ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေတဲ့ စာအုပ် တစ်အုပ်နဲ့ တူတဲ့ ဓါတ်ပုံ တပုံကို နာဆာက ထုတ်ပြန် လိုက်ပါတယ်။ 

ဒီပုံမှာ တွေ့ရတဲ့ မားစ် ကျောက်တုံးလေး တစ်တုံးရဲ့ ပုံဟာ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေတဲ့ စာအုပ် တစ်အုပ်နဲ့ ချွတ်ဆွတ် တူနေပါတယ်။ 

ဒီပုံကို Curiosity Rover က ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က ရိုက်ယူပေးပို့ ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သတေသနယာဉ် မားစ်ပေါ်ကို ရောက်နေတာ အင်္ဂါဂြိုဟ် ရက်နဲ့ဆို ရက်ပေါင်း ၃,၈၀၀ တင်းတင်း ပြည့်တဲ့ နေ့လဲ ဖြစ်ပါတယ်။

ဒီပုံကို ရိုဗာ သုတေသန ယာဉ်ရဲ့ စက်ရုပ်လက်မောင်းမှာ တပ်ဆင်ထားတဲ့ Mars Hand Lens Imager (MAHLI) ကင်မရာနဲ့ ရိုက်ယူ ခဲ့တာပါ။ ဒီပုံက ကျောက်တုံးဟာ ဖွင့်ထားတဲ့ စာအုပ် တစ်အုပ် နဲ့ တူနေပြီး အလယ်က ကျောက်ချပ်လွှာ ကတော့ လှန်လက်စ စာမျက်နှာနဲ့ တူနေပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: