Skip to content

အကယ်လို့သာ ကမ္ဘာလည်နှုန်း ပိုမြန်လာရင် ဘာတွေဖြစ်လာ နိုင်သလဲ

  • Earth
earth

ခရီးသည်တင် လေယာဉ် တစ်စင်းဟာ တစ်နာရီကို ၅၅၀ မိုင်ခန့်နှုန်းနဲ့ ပျံသန်း နိုင်ပါတယ်။ ကမ္ဘာ့အမြန်ဆုံး လေယာဉ်တွေထဲက တစ်စင်းဖြစ်တဲ့ လော့ခ်ဟိမာတင်ရဲ့ Lockheed SR-71 Blackbird သူလျှိုလေယာဉ်ဟာ တစ်နာရီ ၂၁၀၀ မိုင်နှုန်းနဲ့ ပျံသန်း နိုင်ပါတယ်။ ဒါဆို ကမ္ဘာကရော။

အီကွေတာ အရပ်မှာ နေတဲ့ သူတစ်ယောက်ရဲ့ အမြန်နှုန်းဟာ တကယ်တော့ တစ်နာရီ မိုင် ၁,၀၀၀ ခန့် ရှိပါတယ်။ ပြီခဲ့တဲ့နှစ်ဆန်းမှာ သိပ္ပံ ပညာရှင် တွေဟာ ကမ္ဘာရဲ့ လည်ပတ်နှုန်း အနည်းငယ် အရှိန် မြန်သွား ခဲ့တာကို သတိပြုမိ ခဲ့ကြပါတယ်။ ဒီလို မြန်သွားတဲ့ အတွက် ကမ္ဘာရဲ့ တစ်ရက်တာဟာ ၁.၅၉ မီလီစက္ကန့် (၁ စက္ကန့် မှာ ၁၀၀၀ မီလီစက္ကန့် ရှိပါတယ်) လျော့နည်းသွားတယ်လို့ ဆိုပါတယ်။

ဒီလောက အမြန်နှုန်းလေး နည်းနည်း ပိုမြန်သွားတာဟာ တကယ်တော့ ဘာမှ မပြောပလောက်ပါဘူး။ ဒါပေမယ့် အကယ်လို့သာ ကမ္ဘာလည်နှုန်းဟာ တစ်နာရီကို ၁ မိုင်လောက်ပဲ ပိုမြန်သွားဦးတော့ ဆိုးရွားတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေမယ့်လို့ ဆိုပါတယ်။

ကမ္ဘာလည်နှုန်း တစ်နာရီ တစ်မိုင်နှုန်းလောက် ပိုမြန်သွား သွားခဲ့မယ် ဆိုရင် ပထမဆုံး ထိခိုက်မှာ ကတော့ ဂြိုဟ်တု ဆက်သွယ်ရေး စနစ်တွေ ဖြစ်ကြပါတယ်။ ဆက်သွယ်ရေး ဂြိုဟ်တုတွေဟာ geostationary  ခေါ်တဲ့ တည်ငြိမ်တဲ့ ပတ်လမ်းကနေ ကမ္ဘာကို ပတ်နေကြတာ ဖြစ်ပါတယ်။ 

ဒီပတ်လမ်းမှာ ဂြိုဟ်တုတွေရဲ့ လည်ပတ်နှုန်းဟာ ကမ္ဘာ လည်နှုန်းနဲ့ တူညီတာမို့ ကမ္ဘာလည်နှုန်း အနည်းငယ် မြန်သွား နှေးသွားတာနဲ့ ဂြိုဟ်တုတွေနဲ့ ဆက်သွယ်ရေး ပြတ်တောက်သွားမှာ ဖြစ်ပါတယ်။

နောက်ပြီး အီကွေတာ အရပ်ကို ဝင်ရိုးစွန်းက ရေတွေ စုပြုံ စီးဆင်းလာမှာ ဖြစ်တာကြောင့် အီကွေတာက ပင်လယ်ရေမျက်နှာပြင်ဟာလဲ​လက်မ များစွာ မြင့်တက်လာမှာ ဖြစ်ပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
Tags:
error: