Skip to content

အင်္ဂါဂြိုဟ် ပေါ်တွင် ဧရာမ ရှေးဟောင်းမြစ်ကြီး ရှာတွေ့

  • Space
mars-perseverance-rover

မားစ် (Mars) ခေါ် အင်္ဂါဂြိုဟ် ဟာ ရှေးတချိန်က ပူနွေးပြီး မြစ်ချောင်း အင်းအိုင် တွေနဲ့ ပြည့်နေတဲ့ ဂြိုဟ်တစ်စင်း ဖြစ်ခဲ့မယ်လို့ ပညာရှင် တွေက ယုံကြည် ကြပါတယ်။ ဒီလို ယုံကြည်ဖို့လဲ ခိုင်မာတဲ့ အထောက်အထား အများအပြား ရှာဖွေ တွေ့ရှိ ထားပါတယ်။

နာဆာရဲ့ Perseverance Rover အင်္ဂါဂြိုဟ် လေ့လာရေး သုတေသန ယာဉ်ကနေ အခု နောက်ဆုံး ပေးပို့လိုက်တဲ့ ဓါတ်ပုံတွေမှာ ယခင် တချိန်က ရေတွေ တသွင်သွင် စီးဆင်းနေ ခဲ့တဲ့ မြစ်ကြီး တစ်စင်းကို ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒီ မြစ်ကြီးဟာ ယခင် ယူဆထားခဲ့တာထက် ပိုမို နက်ရှိုင်းပြီး ပိုလဲ အရှိန်မြန်မြန် စီးဆင်းနေ ခဲ့တယ် ဆိုတဲ့ လက္ခဏာ တွေလဲ တွေ့ရှိ ရပါတယ်။

အကယ်လို့ ဒီအချက်သာ မှန်ကန်ခဲ့မယ် ဆိုရင် ဒီ မြစ်ကြီးဟာ ယဇီရို ချိုင်းဝှမ်း (Jezero Crater) အတွင်းကို စီးဝင်တဲ့ မြစ်ချောင်းတွေ အနက်က ကြီးမားတဲ့ မြစ်ကြီး တစ်စင်း ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီ ယဇီရို ချိုင်းဝှမ်းကို အင်္ဂါဂြိုဟ် သုတေသန ယာဉ်ဟာ လေ့လာစူးစမ်း နေခဲ့တာ အခုဆို ၂ နှစ်ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။

mars-perseverance-rover

ဒီတွေ့ရှိမှုမှာ သာမန် ဖြစ်တစ်ခု ရှာတွေ့တယ် ဆိုတာထက် ပိုမို အရေးပါတဲ့ အချက်ကတော့ မားစ်ပေါ်မှာ တချိန်က ရှင်သန် နေနိုင်ခဲ့မယ်လို့ ယူဆရတဲ့ အဏုဇီဝ ပိုးမွှားတွေကို ရှာဖွေဖို့ အထောက်အကူ ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

မြစ်ချောင်းတွေ စီးဆင်းတဲ့ ပုံစံနဲ့ အနည်ကျတဲ့ အနေအထားကို ကြည့်ပြီး ဘယ်နေရာမှာ အဏုဇီဝ သက်ရှိ ရုပ်ကြွင်းတွေ တူးဖော်ရမလဲ ဆိုတာကို ပညာရှင်တွေ ဆုံးဖြတ်နိုင် ကြမှာ ဖြစ်ပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: