Skip to content

သိပ္ပံ ပညာရှင်တွေ အဖြေရှာမရတဲ့ ကမ္ဘာ့လေထုထဲက ထူးဆန်းတဲ့ အသံများ

  • Earth
earth

ကမ္ဘာ့လေထု အထက်လွှာ ဖြစ်တဲ့ စထရာတိုစဖီးယား (stratosphere) အလွှာထဲကို လွှတ်တင်ထားတဲ့ နေစွမ်းအင်သုံး သုတေသန မိုးပျံပူပေါင်း တွေကနေပြီး ထူးဆန်းတဲ့ အသံတွေကို ဖမ်းယူ ရရှိ ခဲ့ပါတယ်။ ဒါပေမယ့် ဒီအသံတွေဟာ ဘယ်က ထွက်လာပြီး ဘာ့ကြောင့် ထွက်ပေါ်လာရသလဲ ဆိုတာကိုတော့ ယခုအထိ ပညာရှင်တွေ ရှာဖွေနိုင်စွမ်း မရှိကြ သေးပါဘူး။

ဒီ အသံတွေကို ကမ္ဘာမြေပြင် အထက် အမြင့်ပေ ၇၀,၀၀၀ ခန့်မှာ လွှတ်တင်ထားတဲ့ သုတေသန မိုးပျံပူပေါင်း တွေမှာ တပ်ဆင်ထားတဲ့ အထူး အသံဖမ်းစက် တွေကနေ ဖမ်းယူရရှိတာ ဖြစ်ပါတယ်။ 

ဒီ အသံ တွေဟာ လူတွေကြားနိုင်တဲ့ အသံလှိုင်းကြိမ်နှုန်း frequency အောက် နိုမ့်တာမို့ လူတွေ အနေနဲ့တော့ ကြားနိုင်မှာ မဟုတ်ပါဘူး။ 

ဒီ အသံတွေဟာ အခြား ကြိမ်နှုန်းနိုမ့် အသံတွေ ဖြစ်တဲ့ မိုးခြိမ်းသံ၊ ပင်လယ်လှိုင်းခတ်သံ၊ လေယာဉ်ပျံ တွေက အသံတွေနဲ့ လူလုပ် အသံတွေ ကြားမှာ တိမ်မြုပ်နေခဲ့ ပါတယ်။ ဒီအသံ တွေကို ကြားရဖို့ အခြား ကြိမ်နှုန်းနိုမ့် အသံတွေကနေ ပြန်လည် ခွဲခြားပေးမှသာ ကြားနိုင်တာ ဖြစ်ပါတယ်။

လေထုအထက်ပိုင်း စထရာတို စဖီးယား အလွှာထဲမှာ ထူးဆန်းတဲ့ အသံတွေကို မကြာခန ကြားနေရပါတယ်။ ဒီ အသံတွေဟာ တစ်နာရီကို ၃-၄-၅ ကြိမ်ခန့် ထွက်ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် သူတို့ ဘယ်ကနေ ထွက်လာလဲ ဆိုတာကိုတော့ အခုထိ ရှာလို့ မရသေးပါဘူး။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
Tags:
error: