Skip to content

နှစ် ၃၃၀၀ သက်တမ်းရှိ ရှေးဟောင်း အီဂျစ်သင်္ချိုင်းဂူများ ရှာဖွေတွေ့ရှိ

  • History
Wall relief at Saqqara necropolis

အီဂျစ်ပြည် ဆက်ကရာ ဒေသ (Saqqara) မှာ တူးဖော်ရေး သုတေသန ပြုလုပ်နေ ကြတဲ့ အီဂျစ် ရှေးဟောင်း သုတေသန ပညာရှင်များဟာ နှစ် ၃,၃၀၀ သက်တမ်းရှိတဲ့ ရှေးဟောင်း နတ်ဘုရားကျောင်း တစ်ခုနဲ့ ဂူသင်္ချိုင်း အများအပြားကို ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။

ဒီ ရှာဖွေ တွေ့ရှိတဲ့ ဂူသင်္ချိုင်း တွေအနက်က အကြီးဆုံး ဂူသင်္ချိုင်းဟာ ပါနက်ဆီ (Panehsy) အမည်ရ အီဂျစ် အရာရှိကြီး တစ်ဦးရဲ့ အုတ်ဂူ ဖြစ်ပါတယ်။ သူဟာ အာမွန် နတ်ဘုရားကျောင်း (Temple of Amun) ကို ကြီးကြပ်ရတဲ့ ဘုန်းတော်ကြီး ဖြစ်တယ်လို့ ဒီ တူးဖေါ်ရေး အဖွဲ့မှာ ပါဝင်တဲ့ ရှေးဟောင်း သုတေသီ တစ်ဦးဖြစ်သူ လာရာ ဝက်စ် (Lara Weiss) က ရှင်းပြပါတယ်။

လာရာ ဟာ နယ်သာလန် ရှေးဟောင်း အမျိုးသား ပြတိုက်က အီဂျစ်နဲ့ နူဘီယန် ရှေးဟောင်း ပစ္စည်းတွေကို စစ်ဆေးသတ်မှတ်ရသူ curator တစ်ဦး ဖြစ်ပါတယ်။ သူမဟာ အခု တူးဖေါ်ရေး အဖွဲ့မှာ အရေးပါတဲ့ သုတေသီ တစ်ဦးလဲ ဖြစ်ပါတယ်။

ယခု တူးဖေါ် တွေ့ရှိမှုအရ ပါနက်ဆီ ရဲ့ သင်္ချိုင်းဂူဟာ အလွန် လှပတယ် ဆိုတာကို တွေ့ကြရ ပါတယ်။ သူ့ သင်္ချိုင်းဂူ နံရံကို ရုပ်ကြွတွေနဲ့ ထွင်းထု တန်ဆာဆင် ထားပါတယ်။ ဒီ ရုပ်ကြွတွေကို ထုလုပ်စဉ်က ဆေးရောင်စုံ လှလှလေးတွေ ခြယ်သခဲ့ဟန် လက္ခဏာ ကိုလဲ တွေ့ကြ ရပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: