Skip to content

ရှေးအကျဆုံး အီဂျစ်မံမီ ရှာတွေ့

  • History
mummies at Saqqara necropolis

ရှေး အီဂျစ်ပြည်မှာ ရှာတွေ့ခဲ့ သမျှ မံမီ ရုပ်ကြွင်း တွေအနက်က ရှေးအကျဆုံး လို့ ယူဆရတဲ့ မံမီရုပ်ကြွင်းကို ရှေးဟောင်း သုတေသန ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ ဒီရုပ်ကြွင်းဟာ သက်တမ်းအားဖြင့် နှစ် ၄,၃၀၀ သက်တမ်း ရှိပြီလို့ ပညာရှင် တွေက ယုံကြည် ကြပါတယ်။

ဒီ ရုပ်ကြွင်းကို ရှေးအကျဆုံး ပိရမစ် တစ်ခုဖြစ်တဲ့ လှေကားထစ် ပိရမစ် (Step Pyramid) ကြီးရဲ့ အနီးက ၁၅ မီတာ အနက်ရှိတဲ့ တွင်းကြီး တစ်ခုရဲ့ အောက်ခြေမှာ တူးဖေါ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ လှေကားထစ် ပိရမစ် ဟာ ဆက်ကရာ (Saqqara) ဒေသမှာ တည်ဆောက် ခဲ့တဲ့ ရှေးအကျဆုံး ပိရမစ်ကြီး တစ်ခု ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါး – ပိရမစ် တွေကို ဘယ်သူတွေ တည်ဆောက်ခဲ့ သလဲ

ဒီ ဆက်ကရာ ဒေသဟာ အီဂျစ် နိုင်ငံရဲ့ မြို့တော် ကိုင်ရိုမြို့ (Cairo) နဲ့ သိပ်မဝေးတဲ့ အရပ်ဒေသ တစ်ခု ဖြစ်ပါတယ်။ ဒီ ဒေသမှာ အီဂျစ် ပဉ္စမ နဲ့ ဆဌမ မင်းဆက် (fifth and sixth dynasty) တွေရဲ့ လက်ထက်က ဂူသင်္ချိုင်း အများအပြားကို သိပ်မကြာမီ ကမှ ရှေးဟောင်း သုတေသီတွေ ရှာဖွေ တွေ့ရှိ ထားကြတာပါ။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: