Skip to content

မံမီ ကျိန်စာကို သိပ္ပံပညာရှင်တွေက ဘယ်လိုအကြောင်းပြသလဲ

king-Tutankhamen-curse

တူတန်ခမံ (King Tutankhamen) ဘုရင်ရဲ့ မံမီရုပ်ကြွင်း ကနေ ပိုလန်ဘုရင် စတုတ္ထမြောက် ကာဆီမီယာ (Poland’s King Casimir IV) ရဲ့ မံမီရုပ်ကြွင်း တွေအထိ မံမီတွေရဲ့ ကျိန်စာနဲ့ ပတ်သက်လို့ ပညာရှင် တွေအကြား ပဟေဠိ ဖြစ်နေခဲ့ကြတာ ကြာခဲ့ပါပြီ။ ဒါပေမယ့် အခုတော့ မံမီရဲ့ ကျိန်စာ ဘာ့ကြောင့် ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းရင်းကို သိပ္ပံ ပညာရှင်တွေ ဖော်ထုတ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

သိပ္ပံ ပညာရှင်တွေရဲ့ အဆိုအရ မံမီ ရဲ့ ကျိန်စာဟာ ဘာမှ ပရနယ်လွန် ဖြစ်ရပ်တခု မဟုတ်ပါဘူး။ မံမီတွေ မြှုပ်နှံထားတဲ့ ရှေးဟောင်း ဂူသင်္ချိုင်းတွေကို တူးဖော်သူတေ ရုတ်တရက် အသက် သေဆုံး ကြရတာဟာ မံမီက ကျိန်စာ တိုက်ခဲ့တာကြောင့် မဟုတ်ပဲ ရှေးဟောင်း ဂူသင်္ချိုင်းတွေ အတွင်းမှာ ပေါက်ဖွား နေကြတဲ့ မှိုပိုး တစ်မျိုးကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Aspergillus flavus လို့ ခေါ်တဲ့ မှို ဟာ ရှေးဟောင်း ဂူသင်္ချိုင်း တွေအတွင်းမှာ အများအပြား ရှင်သန် ပေါက်ဖွားနေလေ့ ရှိပါတယ်။ ဒီ မှိုဟာ အလွန် သေးငယ်ပြီး အသက်ရှူသွင်းတဲ့ အခါ အဆုပ်တွင်း ဝင်ရောက် သွားနိုင်ပြီး အဆုပ်ရောင် ရောဂါ ဖြစ်လာ စေနိုင်ပါတယ်။

မံမီ ရဲ့ ကျိန်စာ ဒဏ္ဍာရီ ဟာ အီဂျစ်ဘုရင် တူတန်ခမံ ရဲ့ သင်္ချိုင်းဂူကို တူးဖော်ချိန်က အစပြုလို့ နာမည် ကြီးလာခဲ့တာ ဖြစ်ပါတယ်။ 

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: