Skip to content

UFO နဲ့ပါတ်သက်တဲ့ ပထမဆုံးအစည်းအဝေး နာဆာကျင်းပ

  • Space
UFO

အမျိုးအမည် ခွဲခြားနိုင်ခြင်း မရှိသော ကောင်းကင်ပျံ ဝတ္ထုများ (တနည်းအားဖြင့်) UFO တွေနဲ့ ပါတ်သက်လို့ နာဆာရဲ့ ထိပ်တန်း သိပ္ပံ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ဟာ ၄ နာရီ ကြာတဲ့  online တံခါးဖွင့် အစည်းအဝေး တစ်ရပ်ကို ပြုလုပ် ခဲ့ပါတယ်။ ဒီ အစည်းအဝေးကို အင်တာနက် ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး အများပြည်သူက အင်တာနက် ကနေတဆင့် မေးမြန်းတဲ့ မေးခွန်းတွေကိုလဲ ဖြေကြား ခဲ့ပါတယ်။

ဒီ အများပြည်သူ တက်ရောက်တဲ့ အစည်းအဝေးဟာ နာဆာက ဖွဲ့စည်းထားတဲ့ UFO စုံစမ်းလေ့လာရေး ကော်မစ်ရှင်ကနေ ပြုလုပ်တဲ့ ပထမဆုံး ပြည်သူ့ အစည်းအဝေး ဖြစ်ပါတယ်။ ဒီ အဖွဲ့ဟာ ဒီနှစ်ကုန်မှာ သူတို့ရဲ့ တွေ့ရှိချက်တွေကို တင်ပြနိုင်ဖို့ ရည်မှန်း ထားပါတယ်။

အခု အစည်းအဝေးရဲ့ ရည်ရွယ်ချက် တွေထဲမှာ အများပြည်သူ အနေနဲ့ သူတို့ရဲ့ UFO တွေ့ရှိမှု တွေကို သတင်းပို့ဖို့ အားပေးလှုံးဆော်ဖို့ ဖြစ်သလို ဒီ သတင်းပို့မှု တွေကို စုံစမ်းစစ်ဆေးမှုကို အထောက်အကူ ဖြစ်စေနိုင်ဖို့လဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်တဲ့ သိပ္ပံ ပညာရှင် တွေဟာ ယူအက်ဖ်အို မယုံကြည် သူတွေရဲ့ အနှောက်အယှက် ပေးမှု အများအပြားကို ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ဖော် ဝန်ခံ ခဲ့ပါတယ်။ ဒီလို အနှောက်အယှက် ပေးမှုတွေ၊ အနိုင်ကျင့်မှုတွေဟာ UFO တွေ့မြင်ခဲ့ရသူတွေ သတင်းပို့ဖို့ ဝန်လေးစေပြီး စုံစမ်း စစ်ဆေးမှုတွေကို နှောင့်နှေး ကြံ့ကြာ စေတယ်လို့လဲ​သူတို့က အခု အစည်းအဝေးမှာ တင်ပြ ခဲ့ကြပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: