Skip to content

စိတ်ဖြင့် ထိန်းချုပ်ပြီး အောက်ပိုင်းသေသူ လမ်းလျှောက်နိုင်စေသောစက် တီထွင်အောင်မြင်

  • Health
oskam-can-now-stand-and-walk-2

Gert-Jan Oskam ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ခန့်က စက်ဘီး မတော်တဆမှုကြောင့် လည်ပင်းက ကျောရိုး အာရုံကြောမကြီး ထိခိုက် သွားခဲ့ ရပါတယ်။ ဒီ ထိခိုက်ဒါဏ်ရာကြောင့် သူဟာ အောက်ပိုင်းသေ သွားခဲ့ရသလို လက်တွေဟာလဲ ကောင်းကောင်း လှုပ်ရှားနိုင်စွမ်း မရှိတော့ ပါဘူး။ 

အဲ့သည်အချိန် ကတဲက လက်တွန်းလှည်းနဲ့ သွားလာ ခဲ့ရတဲ့ အော့စ်ကမ် တယောက် အခုအခါ မှာတော့ နည်းပညာ အကူအညီကြောင့် ပြန်လည် လမ်းလျှောက်နိုင်ပြီ ဖြစ်ပါတယ်။

သူ့ကို လမ်းလျှောက် စေနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ နည်းပညာ ကတော့ ဦးဏှောက်နဲ့ ပြတ်သွားတဲ့ အာရုံကြော တွေအကြားကို ဆက်စပ်ပေးတဲ့ စက်ကိရိယာပဲ ဖြစ်ပါတယ်။

အော့စ်ကမ် အတွက်တော့ ဒီ နည်းပညာဟာ တကယ့်ကို သူ့ဘဝအတွက် အပြောင်းလဲကြီး ပြောင်းလဲ သွားစေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ ဥပမာ ပြီးခဲ့တဲ့ အပတ်က သူ့အိမ်ကို ဆေးသုတ်ဖို့ လိုအပ်တဲ့ အခါမှာ သူ့ကို ကူညီမယ့်သူ ရှာမရ ခဲ့ပါဘူး။ ဒါ့ကြောင့် သူဟာ ဆေးပုံးနဲ့ ဆေးသုတ်စုတ်တံကို ကိုယ်တိုင် ကိုင်ပြီး မတ်တတ်ရပ် ဆေးသုတ်ခဲ့ပါတယ်။ ဒီလို လုပ်နိုင်တာဟာ ဒီ နည်းပညာရဲ့ အကူအညီ ကြောင့်ပဲ ဖြစ်ပါတယ်။

ဒီ စက်ကိရိယာကို brain–spine interface လို့ အမည် ပေးထားပါတယ်။ ဒီ နည်းပညာကို ပထမဆုံး အောင်အောင်မြင်မြင် တီထွင်နိုင် ခဲ့သူကတော့ ဆွစ်ဇာလန် နိုင်ငံ လောစိန်း (Lausanne) မြို့မှာ တည်ရှိတဲ့ Swiss Federal Institute of Technology က ဦးဏှောက်နှင့် အာရုံကြော ပညာရှင် Grégoire Courtine ပဲ ဖြစ်ပါတယ်။ အခု စက်ကိရိယာဟာ သူ့ရဲ့ သုတေသန အပေါ် အခြေပြုပြီး တည်ဆောက် ထားတာ ဖြစ်ပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: