Skip to content

အလုံပိတ်ထားသော ရှေးအီဂျစ် ခေါင်းတလား ၆ ခုအတွင်းမှ ပစ္စည်းများ ဖော်ထုတ်နိုင်ပြီ

Bronze-container-for-mummified-eel

အီဂျစ် ရှေးဟောင်း သင်္ချိုင်းဂူတွေ အတွင်းကနေ တူးဖေါ် ရရှိခဲ့တဲ့ အလုံပိတ် ထားတဲ့ ခေါင်းတလား ၆ ခု ရှိပါတယ်။ ဒီ ခေါင်းတလား ၆ ခုကို အသေပိတ်ထား ခဲ့တာမို့ ဒီ ခေါင်းတလား တွေအတွင်းမှာ ဘာတွေ ထည့်သွင်း မြှုပ်နှံ ထားခဲ့တာလဲ ဆိုတာကို နှစ်ပေါင်း ထောင်နဲ့ချီအောင် ဘယ်သူမှ မသိခဲ့ ကြပါဘူး။ ဒီ ခေါင်းတလား တွေကိုလဲ ဘယ်သူမှ ဖွင့်ဖေါက်မကြည့် ခဲ့ကြပါဘူး။

အခုတော့ နောက်ဆုံးပေါ် နည်းပညာ တွေကို အသုံးပြုပြီး သိပ္ပံ ပညာရှင် တွေဟာ ဒီ ခေါင်းတလားတွေကို မဖွင့်ပဲ အထဲမှာ ဘာတွေ ထည့်သွင်း မြှုပ်နှံခဲ့ သလဲ ဆိုတာကို အဖြေဖော် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီ ခေါင်းတလား ၆ ခုကို မူရင်း သင်္ချိုင်းတွေကနေ တူးဖော် ရရှိပြီးတဲ့နောက် လန်ဒန်မြို့က ဗြိတိသျှ ပြတိုက် (British Museum) ကို ရွှေ့ပြောင်းပြီး သိမ်းဆည်း ထားခဲ့ပါတယ်။ 

ဒီ ခေါင်းတလားတွေရဲ့ အရွယ်အစားက သေးသေးလေးတွေပါ။ အသေးဆုံး ခေါင်းတလားရဲ့ အရှည်ဟာ ၂ လက်မပဲ ရှိပြီး အရှည်ဆုံးက ၁၂ လက်မပဲ ရှိပါတယ်။ ဒီ ခေါင်းတလားတွေကို မြှုပ်နှံခဲ့တဲ့ နှစ်ကာလ ကလဲ ဘီစီ ၆၆၄ ခုနှစ်ကနေ ဘီစီ ၂၅၀ အကြားမှာ မြှုပ်နှံခဲ့ ကြတာပါ။ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကနေ ၂၂၀၀ ကျော် အကြားပေါ့။)

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: