Skip to content

နေအဖွဲ့အစည်းအတွင်း သက်ရှိတွေ ရှိနေနိုင်တဲ့ လ ၆ စင်း

  • Space
europa-moon

၂၀၀၅ ခုနှစ်မှာ Cassini အာကာသ သုတေသန ယာဉ်ဟာ စနေဂြိုဟ် (Saturn) နားက ကပ်ပြီး ပျံသန်း ခဲ့ပါတယ်။ ဒီလို ဖြတ်ပျံစဉ်မှာ သုတေသီတွေ ဘယ်လိုမှ ထင်မှတ် မထားခဲ့တဲ့ အရာတခုကို တွေ့ရှိခဲ့ ကြပါတယ်။ အဲ့ဒါကတော့ စနေဂြိုဟ်ရဲ့ ဂြိုဟ်ရံလ ဖြစ်တဲ့ အန်စီလေးဒပ်စ်  (Enceladus moon) ရဲ့ မျက်နှာပြင်မှာ ရှိတဲ့ အက်ကြောင်းတွေကနေပြီး ရေပန်းတွေဟာ တစ်နာရီကို ကီလိုမီတာ ၁,၂၉၀ အလျင်နဲ့ အာကာသ ထဲကို ပန်းထွက်နေတာပဲ ဖြစ်ပါတယ်။

ကာစီနီ အာကာသ သုတေသန ယာဉ်မှာ ရေ ကို ဓါတ်ခွဲစစ်ဆေးနိုင်တဲ့ ကိရိယာတွေ ပါမသွား ခဲ့ပါဘူး။ ဒါပေမယ့် ဒီ တွေ့ရှိချက်ဟာ နေအဖွဲ့အစည်း အတွင်းက ရေခဲဖုံး နေတဲ့ လ တွေအပေါ် သိပ္ပံ ပညာရှင် တွေရဲ့ စိတ်ဝင်စားမှုကိုတော့ တိုးပွား သွားစေ ခဲ့ပါတယ်။

နေအဖွဲ့အစည်း အတွင်းမှာ ရှိတဲ့ လတွေ အနက်က အနည်းဆုံး လ ၆ စင်းမှာ သက်ရှိတွေ အသက်ရှင်သန် ပေါက်ဖွား နေနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်း ထားကြပါတယ်။ ဒီအထဲမှာ စနေဂြိုဟ်ကို ပတ်နေတဲ့ ဂြိုဟ်ရန်လ ၂ စင်း၊ ကြာသပတေးဂြိုဟ်ကို ပတ်နေတဲ့ ဂြိုဟ်ရံလ ၃ စင်းနဲ့ နက်ပ်ကျွန်းဂြိုဟ်ကို ပတ်နေတဲ့ ဂြိုဟ်ရံလ တစင်းတို့ ပါဝင်ပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: