Skip to content

သမုဒ္ဒရာ ကြမ်းပြင်မှ မီးတောင် ၁၉,၀၀၀ ကျော် ရှာတွေ့

  • Earth
Pao-Pao-Seamount

ကမ္ဘာပတ် လမ်းကြောင်းထဲက ဂြိုဟ်တုမှာ တပ်ဆင်ထားတဲ့ အနုစိတ် HD ရေဒါကို အသုံးပြုပြီး သမုဒ္ဒရာ ရေအောက် ကြမ်းပြင်က မီးတောင် ၁၉,၀၀၀ ကျော်ကို ရှာဖွေ တွေ့ရှိထားတယ်လို့ သိပ္ပံ ပညာရှင် တွေက ကြေငြာ လိုက်ပါတယ်။

ယခု တွေ့ရှိချက်ကို ဧပြီလ ၆ ရက်နေ့ထုတ် Earth and Space Science သုတေသန စာစောင်မှာ တင်ပြ ထားတာ ဖြစ်ပါတယ်။ အခုလို ရှာဖွေ တွေ့ရှိမှုကြောင့် ပင်လယ် သမုဒ္ဒရာ ကြမ်းပြင်က မြေမျက်နှာပြင်ကို ပိုမို အနုစိတ် သိမြင် လာနိုင် ခဲ့ပါတယ်။

ဒီလို သိမြင်လာ မှုကြောင့် ပင်လယ်ရေအောက် က သမုဒ္ဒရာ ရေစီးကြောင်းတွေ၊ tectonic plate တွေနဲ့ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုတွေ အကြောင်း လေ့လာရာမှာ အထူးပဲ အထောက်အကူ ဖြစ်စေမယ်လို့ ဆိုပါတယ်။

အခု ရှာဖွေ တွေ့ရှိမှု မတိုင်မီက ကမ္ဘာ့ သမုဒ္ဒရာ ကြမ်းပြင်ရဲ့ ၄ ပုံ ၁ ပုံလောက်ကိုပဲ ဆိုနာနဲ့ အသေးစိတ် စူးစမ်း မှတ်တမ်းတင် ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆိုနာ ဆိုတာက အသံလှိုင်းကို အသုံးပြုပြီး ရေအောက်မှာ ထောက်လှမ်း ရှာဖွေ နိုင်တဲ့ ကိရိယာ တစ်မျိုး ဖြစ်ပါတယ်။ 

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: