Skip to content

အပြည်ပြည် ဆိုင်ရာ အာကာသစခန်း သက်တမ်းတိုးရန် သဘောတူညီမှုရရှိသွားပြီ

  • Space
international-space-station

ကမ္ဘာပတ် လမ်းကြောင်း အနိုမ့်ပိုင်းမှာ ၂၂ ကြာ ပျံသန်းနေခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (International Space Station) ကို နောက်ထပ် သက်တမ်း ထပ်တိုးဖို့ ဒီ စီမံကိန်းမှာ ပါဝင်တဲ့ အဖွဲ့ဝင် နိုင်ငံအားလုံး သဘောတူညီမှု ရရှိသွားပြီလို့ နာဆာရဲ့ ထုတ်ပြန် ကြေငြာချက်အရ သိရပါတယ်။

ဒီ စီမံကိန်းမှာ ပါဝင်ကြတဲ့ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါ နဲ့ ဥရောပ အာကာသ အေဂျင်စီ တို့ အားလုံးက အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို သက္ကရဇ် ၂၀၃၀ အထိ သက်တမ်း တိုးသွားဖို့ သဘောတူလိုက်ကြပြီး ဖြစ်ပါတယ်။ 

မူလက နှုတ်ထွက်မယ်လို့ ခြိမ်းခြောက် ထားခဲ့တဲ့ ရုရှားနိုင်ငံ ကလဲ လာမယ့် ၂၀၂၈ အထိ ဆက်လက် ပါဝင် သွားမယ်ဆိုတာ ကတိပြုခဲ့ ပါတယ်။

ဒီ အာကာသ စခန်းယာဉ်ရဲ့ operation ပိုင်းကို အဓိက တာဝန်ယူ ထားတဲ့ နာဆာအဖွဲ့ကြီးဟာ အဖွဲ့ဝင် အာကာသ အေဂျင်စီ တွေနဲ့ ပူးပေါင်းပြီး အာကာသ စခန်းကြီး စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင်နိုင်ဖို့ ဆက်လက် ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။ 

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: