Skip to content

လ မြေသားမှ အောက်ဆီဂျင် အောင်မြင်စွာ ထုတ်ယူနိုင်ပြီ

NASA-High-Powered-Laser-and-Carbothermal-Reactor

နာဆာက သိပ္ပံ ပညာရှင် တွေဟာ လ ရဲ့ မြေသား နမူနာ ကနေ အောက်ဆီဂျင်ကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ပြီလို့ နာဆာရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ 

ဒီ သုတေသန စမ်းသပ်မှုမှာ လ ရဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေ တွေနဲ့ တူညီအောင် ပြုလုပ်ထားတဲ့ ဓါတ်ခွဲခန်း အတွင်းမှာ လပေါ် က ကောက်ယူခဲ့တဲ့ မြေသား နမူနာကို အသုံးပြုပြီး အောက်ဆီဂျင် ထုတ်ယူနိုင် ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လပေါ်မှာ လူသားတွေ တာရှည် အခြေချ နိုင်ဖို့ အရေးပါတဲ့ အောင်မြင်မှု တရပ် ဖြစ်တယ်လို့ နာဆာရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြ ထားပါတယ်။

အခု သုတေသန အောင်မြင်မှုဟာ လပေါ်ကို လူသားတွေ ပြန်လည် ခြေချဖို့ နာဆာရဲ့ အာတီးမီးစ် (Artemis Mission) စီမံကိန်း နဲ့ ကြိုးပမ်းနေတဲ့ ကာလနဲ့လဲ တိုက်ဆိုင် နေပါတယ်။ ဒီ အာတီးမီးစ် စီမံကိန်းရဲ့ ရည်မှန်းချက် တွေအနက် တခုကတော့ လပေါ်မှာ လူသားတွေ တာရှည် အခြေချ နိုင်ဖို့ အခြေချ စခန်းတွေ တည်ဆောက်ရေးလဲ ပါဝင်ပါတယ်။

ဒီလို တာရှည် အခြေချ နေထိုင်ဖို့ ဆိုရင် အောက်ဆီဂျင် အလုံအလောက် ရရှိနိုင်ဖို့က အရေး ကြီးလာပါတယ်။ လိုအပ်တဲ့ အောက်ဆီဂျင်ကို ကမ္ဘာမြေကနေ သယ်ဆောင်ဖို့ ဆိုတာ ရေရှည်မှာ လက်တွေ့ မကျပါဘူး။ ဒီတော့ လပေါ်မှာ အောက်ဆီဂျင် ထုတ်နိုင်တဲ့ နည်းလမ်း ရှာဖွေဖို့ လိုအပ် လာပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: