Skip to content

မျိုးရိုးဗီဇ အခြေခံ ဒြပ်ပေါင်း ဂြိုဟ်သိမ် တစ်ခုပေါ်တွင် ရှာတွေ့

  • Space
rna-building-block-on-asteroid-ryugu

ကမ္ဘာပေါ်က အသက်ဇီဝ တွေအတွက် အလွန် အရေးပါတဲ့ မျိုးရိုးဗီဇ  RNA ကို ဖွဲ့စည်းတည်ဆောက် ထားတဲ့ အခြေခံ ဒြပ်ပေါင်း တစ်ခုကို အာကာသထဲက ဂြိုဟ်သိမ် တစ်ခုပေါ်မှာ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိပ္ပံ ပညာရှင် တွေက ကြေငြာလိုက်ပါတယ်။

ဒါဟာ မျိုးရိုးဗီဇကို ဖြစ်စေတဲ့ RNA နဲ့ DNA တွေကို ဖွဲ့စည်းထားတဲ့ ဒြပ်ပေါင်း တစ်ခုကို ကမ္ဘာ အပြင်ဖက်မှာ ပထမဆုံး ရှာဖွေ တွေ့ရှိခြင်းပဲ ဖြစ်ပါတယ်။ 

အခု ရှာဖွေ တွေ့ရှိမှုဟာ အသက်ဇီဝဟာ ကမ္ဘာပေါ်ကို ကမ္ဘာအပြင် ဖက် အာကာသ ထဲကနေ ရောက်ရှိလာ ခဲ့တယ် ဆိုတဲ့ သီအိုရီအတွက် အထောက်အထား တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ အပြင်ဖက် နေအဖွဲ့အစည်းရဲ့ တစ်နေရာမှာ အဆင့်နိုမ့် သက်ရှိတွေ ရှိနေ နိုင်တယ်ဆိုတဲ့ အချက်ကို ညွှန်ပြတဲ့ အထောက်အထား တစ်ခုဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အခု သုတေသနကို ဂျပန် နိုင်ငံက သုတေသီ တွေက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ဂျပန် သုတေသန အာကာသယာဉ်ကနေပြီး Rhugu ဂြိုဟ်သိမ်ပေါ်ကနေ နမူနာ ကောက်ယူလာ ခဲ့တဲ့ မြေသား နမူနာကို ဓါတ်ခွဲစမ်းသပ်အပြီးမှာ ဒီ တွေ့ရှိချက်ကို တွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။

ဂျပန် သုတေသီ တွေဟာ ရူဂူဂြိုဟ်သိမ်ရဲ့ မြေသား နမူနာ ထဲမှာ uracil ဆိုတဲ့ ဒြပ်ပေါင်းကို ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။ ဒီ ဒြပ်ပေါင်းဟာ ကမ္ဘာပေါ်က လူသားတွေနဲ့ သက်ရှိတွေရဲ့ မျိုးရိုးဗီဇ ဖြစ်တဲ့ RNA ကို ဖွဲ့စည်းထားတဲ့ အခြေခံ ဒြပ်ပေါင်း ၅ ခု အနက်က တစ်ခု ဖြစ်ပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: