Skip to content

လကမ္ဘာမှာ ဝတ်မယ့် အာကာသ ဝတ်စုံ နာဆာထုတ်ဖော်ပြသ

  • Space
nasa-artemis-moon-mission-space-suit

လပေါ်ဆင်းသက်မယ့် အာကာသ ယာဉ်မှူးတွေ ဝတ်ဆင်မယ့် လကမ္ဘာ ဝတ်စုံ ကို နာဆာက ထုတ်ဖော် ပြသ လိုက်ပါတယ်။

အခု ဝတ်စုံကို နာဆာ အဖွဲ့ကြီး နဲ့ Axiom Space Inc. တို့ ပူးပေါင်းပြီး တီထွင်ဖန်တီးထားတာ ဖြစ်ပါတယ်။ အခု ထုတ်ဖော်ပြသတဲ့ ဝတ်စုံဟာ ဝတ်စုံပြည့် မဟုတ်သေးပဲ အကြို နမူနာ ဝတ်စုံသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အပြည့်အစုံ ပြီးစီးသွားတဲ့ ဝတ်စုံကို လကမ္ဘာပေါ် ဆင်းသက်မယ့် အာကာသ ယာဉ်မှူးတွေ ဝတ်ဆင်ကြမှာ ဖြစ်ပါတယ်။

အာတီးမီးစ် (Artemis mission) ယာဉ်မှူးတွေ ဝတ်ဆင်ကြမယ့် အာကာသ ဝတ်စုံကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဟူစတန် မှာရှိတဲ့ ဂျွန်ဆန် မြေပြင် အခြေစိုက် စခန်း (Johnson Space Center in Houston) မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ထုတ်ဖော် ပြသခဲ့တာ ဖြစ်ပါတယ်။ 

nasa-artemis-moon-mission-space-suit

အခု ဝတ်စုံကို The Axiom Extravehicular Mobility Unit (AxEMU) spacesuit လို့ အမည်ပေးထားပါတယ်။ ဒီဝတ်စုံကို ထုတ်ဖော် ပြသ ခဲ့ပေမယ့် ဝတ်စုံနဲ့ ပတ်သက်တဲ့ အချက်အလက် အသေးစိတ် ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။

Axiom Space က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ “လပေါ်မှာ ဝတ်ဆင်တဲ့ ဝတ်စုံဟာ အပူကို ရောင်ပြန်နိုင်ဖို့ အဖြူရောင် ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အခု ဝတ်စုံကို အပေါ်က အုပ်ထားတဲ့ အလွှာတစ်ခု ထည့်သွင်း ပြသ ထားပါတယ်။ ဒါဟာ ဝတ်စုံရဲ့ တကယ့် ဒီဇိုင်းကို ဖုံးကွယ်ဖို့ ယာယီ ဖုံးအုပ်ထားတဲ့ အပေါ်လွှာ အကာသာ ဖြစ်ပါတယ်” လို့ ရေးသား ထားပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: