Skip to content

အာကာသ အမှိုက်များကြောင့် အာကာသစခန်းယာဉ်မှူးများ ကမ္ဘာပြန်မယ့် ယာဉ်ပေါ် ခိုလှုံနေ ခဲ့ရ

  • Space
အာကာသ အမှိုက်များကြောင့် အာကာသစခန်းယာဉ်မှူးများ ကမ္ဘာပြန်မယ့် ယာဉ်ပေါ် ခိုလှုံနေ ခဲ့ရ

ကမ္ဘာပတ် လမ်းကြောင်းထဲက အာကာသ အမှိုက်တွေရဲ့ အန္တရာယ် ကနေ ကာကွယ်ဖို့ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းပေါ်က အာကာသ ယာဉ်မှူး ၇ ဦးဟာ မနေ့က (နိုဝင်ဘာ ၁၅ ရက် တနင်္လာနေ့) အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းမှာ ဆိုက်ကပ်ထားတဲ့ အာကာသ ယာဉ်လေးထဲကို ပြောင်းရွှေ့ပြီး ခိုလှုံနေ ခဲ့ရတယ် လို့ ဆိုပါတယ်။ ဒီ အာကာသ ယာဉ်ဟာ ကမ္ဘာမြေကို ပြန်မယ့် အာကာသ ယာဉ်မှူးတွေကို ပြန်လည် သည်ဆောင်သွားမယ့် ယာဉ်ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ မနေ့က ကမ္ဘာပတ် လမ်းထဲက အာကာသ အမှိုက်တွေ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းနားက ကပ်ပျံသွားတဲ့ ဖြစ်ရပ်ကြောင့် ဖြစ်ပါတယ်။ ဒီ အမှိုက်တွေ စတင် ဖြတ်ပျံတဲ့ အချိန်ဟာ မနေ့က မနက်စောစောပိုင်း အချိန်က စတင်ပြီး ဖြတ်ပျံခဲ့တာ ဖြစ်ပါတယ်။ 

မနေ့က တစ်နေ့လုံး ဒီ အမှိုက်တွေဟာ ကမ္ဘာပတ် လမ်းအတွင်း မှာရှိတဲ့ အပြည်ပြည် ဆိုင်ရာ အာကသ စခန်း အနီး အနားကနေ မိနစ် ၉၀ ကြာတိုင်း တစ်ကြိမ် ဖြတ်ပြီး ပျံနေ ခဲ့ပါတယ်။ (ဒီ အမှိုက်တွေက ကမ္ဘာပတ် လမ်းကြောင်းထဲ အရှိန်နဲ့ ပတ်ပျံ နေတာမို့ မိနစ် ၉၀ ကို တစ်ကြိမ်လောက် ကမ္ဘာကို ပတ်နေခဲ့တာပါ။)

အခု ဖြစ်စဉ်နဲ့ ပါတ်သက်လို့ ရုရှား အာကာသ အေဂျင်စီ Roscosmos က အတည်ပြုခဲ့ ပေမယ့် နာဆာကတော့ ဘာမှ သတင်း ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါဘူး။

နာဆာ အာကာသ ယာဉ်မှုး မာခ်ဗန်းဟိုင်း (Mark Vande Hei) ကတော့ မြေပြင် အခြေစိုက် စခန်းနဲ့ မနေ့နေ့လည်က ဆက်သွယ် သတင်းပို့ ရာမှာတော့ မနေ့က ဖြစ်စဉ် အတွက် အစစ အထူး ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။

“အာကာသ ယာဉ်မှူး တွေ အကြားမှာ ပိုပြီး စည်းလှုံး ညီညွတ်မှု တည်ဆောက် နိုင်တာပေါ့ဗျာ” လို့ လဲ သူက ဖြည့်စွက် ပြောကြား ခဲ့ပါတယ်။

မြေပြင် အခြေစိုက် စခန်းရဲ့ အဆိုအရ ဒီ အာကာသ အမှိုက်တွေ ဖြတ်ပျံမယ့် အချိန် စာရင်းကို ဒီနေ့ အထိ တွက်ချက်ရရှိ ထားပြီး ဖြစ်တယ် ဆိုပါတယ်။ ဒါပေမယ့် အာကာသ ယာဉ်မှူးတွေ အိပ်ရေးပျက်မှာ စိုးလို့ ဖြတ်ပျံသွားတိုင်း ကြေငြာနေမှာ မဟုတ်တော့ဘူး လို့ ဆိုပါတယ်။ (မနေ့ကတော့ တမနက်လုံး မိနစ် ၉၀ တစ်ခါ ဖြတ်ခါနီးတိုင်း ယာဉ်ပေါ်ကို လှမ်း အကြောင်းကြား နေ ခဲ့တာပါ။)

မနေ့က တနေ့လုံး အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းက ယာဉ်မှူးတွေဟာ ကမ္ဘာမြေကို ပြန်မယ့် အာကာသ ယာဉ်လေး သေးသေးလေး ထဲမှာ စုပြုံပြီး နေခဲ့ကြရပါတယ်။ 

ဒီ အာကာသ အမှိုက်တွေဟာ ဒီနေ့ အင်္ဂါနေ့မှာလဲ တစ်နေ့လုံး အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းနားက ကပ်ပြီး ပျံသန်းနေ လိမ့်အုံးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခြေအနေက စိုးရိမ်စရာ မရှိတော့တာမို့ ယာဉ်မှူးတွေကို မိခင် အာကာသ စခန်းကြီးရဲ့ ပင်မ အခန်းကိုပြန်ပြောင်းရွှေ့ နေထိုင်ဖို့ ညွှန်ကြားခဲ့ပါတယ်။)

ပင်မ ယာဉ်ခန်း နဲ့ ဆက်နေတဲ့ မိုဂျူးတွေနဲ့ ဆက်တဲ့ လေလုံ တံခါးတွေကိုတော့ ပိတ်ထားဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒီနေ့မှာတော့ ဒီ အာကာသ အမှိုက်တွေဟာ အပြည်ပြည် ဆိုင်ရာ အာကာသယာဉ် ပတ်တဲ့ လမ်းကနေ ဝေးရာကို ရွှေ့လျှားသွား ကြတာမို့ အန္တရာယ်က လွန်မြောက်သွားပြီ လို့ ဆိုပါတယ်။ ဒီနေ့ အင်္ဂါနေ့မှာတော့ အာကာသ ယာဉ်မှူးတွေဟာ မူလ အချိန်စာရင်းအတိုင်း အလုပ်တွေ ပြန်စမယ်လို့ သိရပါတယ်။

အခု အာကာသ အမှိုက်တွေ ဘယ်က ရောက်လာလဲ ဆိုတာကိုတော့ နာဆာက ထုတ်ပြန်ခြင်း မရှိပါဘူး။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စု အစိုးရကတော့ ရုရှား နိုင်ငံက ဂြိုဟ်တုခွင်း ဒုံးကျည် စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး ဒီစမ်းသပ်မှုမှာ ဖျက်စီး ခံခဲ့ရတဲ့ ဂြိုဟ်တုကနေ အစိတ်အပိုင်းပေါင်း ၁,၅၀၀ ကျော် ထွက်လာခဲ့တယ် လို့ ဆိုပါတယ်။ ဒီ အစိတ်အပိုင်း အသေးလေး တွေဟာ ကမ္ဘာပတ် လမ်းကြောင်းထဲမှာ ရှိနေတဲ့ နိုင်ငံတကာ ဂြိုဟ်တုတွေကို ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့  ကြေငြာခဲ့ပါတယ်။

Reference: Space debris forces astronauts on space station to take shelter in return ships | Space

error: