Skip to content

AI ဆရာဝန်က လူနာရဲ့ အခြေအနေကို ပိုမိုမှန်ကန်စွာ ခန့်မှန်းနိုင်ကြောင်းတွေ့ရှိ

artificial-intelligence

အေအိုင် (Artificial intelligence) ဉာဏ်ရည်တုဟာ ဆေးကုသရေးမှာ များစွာ အသုံးဝင်တယ် ဆိုတာကို သက်သေ ပြနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အေအိုင်ကို အသုံးပြုပြီး ကွန်ပြူတာ ဓါတ်မှန် (CT) အဖြေ ဖတ်တဲ့ နေရာမှာ မှန်ကန်စွာ ဖတ်ရှုနိုင်ခဲ့တဲ့ အပြင် အမေရိကားက ဆရာဝန်တိုင်း ဖြေရတဲ့ ဆရာဝန် လိုင်စင် စာမေးပွဲကိုတောင် အောင်မြင်အောင် ဖြေနိုင်တဲ့ အစွမ်းရှိကြောင်းလဲ ပြသ နိုင်ခဲ့ ပါတယ်။

ယခုအခါ အေအိုင် ကို အသုံးပြုပြီး လူနာရဲ့ ဆေးမှတ်တမ်းတွေကို ဖတ်ရှုကာ လူနာရဲ့ အခြေအနေနဲ့ ရောဂါတိုးတက်မှု ဆုတ်ယုတ်မှုကို မှန်ကန်စွာ ကြိုတင် ခန့်မှန်းနိုင်ပြီ ဖြစ်ပါတယ်။

ဒီ အေအိုင် နည်းစနစ်ကို အသုံးပြုပြီး လူနာတွေရဲ့ ကုသမှု အပြီး သေဆုံးနိုင်တဲ့ အခြေအနေ၊ အသက်ရှင်နိုင်မှု အခွင့်အလမ်း၊ ရောဂါ ပျောက်ကင်းနိုင်မှု၊ ဆေးရုံပြန် တက်ရမရ နဲ့ အခြား ရောဂါ တိုးတက်မှု ဆုတ်ယုတ်မှုတွေကို မှန်ကန်စွာ ခန့်မှန်းနိုင် ခဲ့တာ ဖြစ်ပါတယ်။

ယခု အေအိုင် နည်းစနစ်ကို အမေရိကန် ပြည်ထောင်စု၊​ နယူယောက် ပြည်နယ်က NYU Grossman School of Medicine က သုတေသီ တွေက တီထွင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလဲ ဒီ နည်းစနစ်ကို နယူယောက် ပြည်နယ်အတွင်းက ဆေးတက္ကသိုလ်ရဲ့ သင်ကြားရေး ဆေးရုံတွေမှာ စတင် အသုံးချနေပြီလို့ သိရပါတယ်။

တီထွင်တဲ့ သုတေသီ တွေကတော့ သိပ်မကြာမီမှာ ဒီ နည်းစနစ်ဟာ ဆေးကိုသရေးရဲ့ ပုံမှန် နည်းပညာ တစ်ရပ်အဖြစ် အသုံးချလာ လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီ အေအိုင် နည်းစနစ်ရဲ့ ရောဂါတိုးတက်မှု ကြိုတင်ခန့်မှန်း နိုင်စွမ်းကို လေ့လာတဲ့ သုတေသန ရလဒ်ကို သုတေသီ တွေက Nature သုတေသန ဂျာနယ်မှာ တင်ပြ ထားပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: