Skip to content

လွန်ခဲ့သော နှစ် ၅ သိန်းက ပျောက်ဆုံးသွားခဲ့သော လူသားမျိုးနွယ်စု၏ အထောက်အထား ရှာတွေ့

homo-heidelbergensis

လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်က ပိုလန် နိုင်ငံက ဂူတစ်ခုရဲ့ အတွင်းမှာ သမိုင်း မတင်မီ ခေတ်က ကျောက်လက်နက်တွေ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီ ကျောက်လက်နက် တွေကို ယခုခေတ် ရှေးဟောင်း ပညာရှင် တွေက ပြန်လည် ဆန်းစစ်မှု ပြုလုပ် ခဲ့ ကြပါတယ်။

ဒီ စမ်းစစ်မှု အရ ဒီ ကျောက်လက်နက် တွေဟာ ဒီ ဒေသမှာ ရှာတွေ့ခဲ့ ပြီးသမျှ ကျောက်လက်နက် တွေအနက် သက်တမ်း အရင့်ဆုံး ကျောက်လက်နက်တွေ ဖြစ်တယ် ဆိုတာ သိလာ ရပါတယ်။

ဒီဂူဟာ ပိုလန်နိုင်ငံ မာလိုပိုလ်စကာ (Malopolska) ဒေသက Tunel Wielki ကျောက်ဂူ ဖြစ်ပါတယ်။ ဒီ ကျောက်လက်နက် တွေရဲ့ သက်တမ်းဟာ နှစ် ၄၅၀,၀၀၀ ကနေ နှစ် ၅၅၀,၀၀၀ ခန့်အတွင်း ရှိတယ်ဆိုတာ ရေဒီယို သတ္တိကြွ နည်းပညာနဲ့ သက်တမ်း သတ်မှတ်မှု ပြုရာက တွေ့ရှိခဲ့ ကြရပါတယ်။

ဒီလို သက်တမ်း သတ်မှတ် နိုင်ခဲ့တဲ့ အတွက် ဒီ လူသားတွေရဲ့ အကြောင်း၊ သူတို့ ဘယ်လို ရောက်ရှိ လာကြသလဲ၊ ဘယ်အရပ် ဒေသတွေမှာ ပျံ့နှံ့ နေထိုင် ခဲ့ကြသလဲ အစရှိတာတွေကို ပိုမို သိရှိ လာကြမှ ဖြစ်ပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: