Skip to content

ဗုဒ္ဓဟူးဂြိုဟ်ရဲ့ အမြှီး

  • Space
tail-of-mercury

အခု မြင်တွေ့ရတဲ့ ပုံဟာ ကြယ်တံခွန် တစ်ခုရဲ့ ဓါတ်ပုံ မဟုတ်ပါဘူး။ ကြယ်ကြွေကျ တာကို ရိုက်ထားတဲ့ ပုံလဲ မဟုတ်ပါဘူး။ ဒီ ဓါတ်ပုံဟာ မာကျူရီ (Mercury) ခေါ် ဗုဒ္ဓဟူးဂြိုဟ်ရဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။

မာကျူရီ ရဲ့ အမြှီးတန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းက တယ်လီစကုပ် နက္ခတ်ကြည့် မှန်ပြောင်းတွေနဲ့ ကြည့်ရှု မြင်တွေ့နိုင် ခဲ့ကြပါတယ်။ အခုလို အမြှီးတန်း ထွက်ပေါ်လာ ချိန်ဟာ မာကျူရီ ဂြိုဟ် နေနဲ့ အနီးဆုံး နေရာကို ရောက်ရှိနေတဲ့ အချိန်လဲ ဖြစ်ပါတယ်။

ဒီလို နေနဲ့ အနီးဆုံး ရောက်ရှိချိန်မှာ ကြယ်တံခွန် တွေလိုပဲ ဗုဒ္ဓဟူး ဂြိုဟ်ကနေ ကြီးမားတဲ့ အမြှီးတန်း ရှည်ကြီး ထွက်ပေါ်လာပါတယ်။ ဒီလို ထွက်ပေါ်လာတဲ့ အမြှီးတန်းကို နက္ခတ် တာရာတွေ ရိုက်ကူးတဲ့ ဓါတ်ပုံ ဆရာ တယောက်က အမိအရ ဖမ်းယူ ရိုက်ကူး လိုက်နိုင်တာ ဖြစ်ပါတယ်။

ဒီလို အမြှီးတန်း မျိုးကို ပုံမှန်မှာတော့ Comet  ခေါ် ကြယ်တံခွန် တွေမှာသာ တွေ့မြင်ရလေ့ ရှိပါတယ်။ နေကို ပတ်နေတဲ့ ဂြိုဟ်တွေမှာတော့ ဒီလို အမြှီးတန်း ထွက်ပေါ်လာလေ့ မရှိပါဘူး။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: