Skip to content

၂၀၂၄ တောက်ပစွာ မြင်ရမယ့် ကြယ်တံခွန်သစ်

  • Space
comet-c2020f3-neowise

နက္ခတ် ပညာရှင် တွေဟာ နေဆီကို ဦးတည် လာနေတဲ့ ကြယ်တံခွန် အသစ် တစ်စင်းကို လောလောလတ်လတ် ရှာဖွေ တွေ့ရှိ ထားပါတယ်။

C/2023 A3 (Tsuchinshan-ATLAS) လို့ အမည် ပေးထားတဲ့ ကြယ်တံခွန် အသစ်ဟာ လာမယ့် ၂၀၂၄ ခုနှစ်ထဲမှာ ကမ္ဘာက ကြည့်ရင် ကြယ်တစ်စင်းလောက် တောက်ပလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို တောက်ပ လာမှာမို့ ကမ္ဘာကနေ တယ်လီစကုပ် မလိုပဲ သာမန် မျက်စေ့နဲ့ မြင်တွေ့နိုင် ကြမှာ ဖြစ်ပါတယ်။

ဒီ ကြယ်တံခွန် သစ်ကို တောင်အာဖရိက နိုင်ငံမှာ ရှိတဲ့ Asteroid Terrestrial-impact Last Alert System (ATLAS) နက္ခတ်တာရာ တယ်လီစကုပ် ကြီးကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ကမှ ရှာဖွေ တွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။ 

တချိန်ထဲမှာ တရုတ်နိုင်ငံ Purple Mountain Observatory (Tsuchinshan) က နက္ခတ်ပညာရှင် များကလဲ ဒီ ကြယ်တံခွန်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီ နက္ခတ် မျှော်စင် နှစ်ခုလုံးကို ကြယ်တံခွန်ရဲ့ အမည်မှာ ထည့်သွင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: