Skip to content

စကြာဝဠာကနဦးမှ ရှေးအကျဆုံး black hole တွင်းနက်ကြီး ဂျိမ်းစ်ဝက်ဘ် ရှာတွေ့

  • Space
black-hole

စကြာဝဠာ ကနဦးက ရှေးအကျဆုံး black hole တွင်းနက်ကြီး တစ်ခုကို ဂျိမ်းစ်ဝက်ဘ် အာကာသ တယ်လီစကုပ် (James Webb Space Telescope) ကြီးကနေ ရှာဖွေပေးလိုက် ပြန်ပါပြီ။

အခုရှာတွေ့တဲ့ တွင်းနက်ကြီးဟာ ကျွန်တော်တို့ နေ အလုံး ၁၀ သန်းနဲ့ ညီမျှတဲ့ ဒြပ်ထုကို ပိုင်ဆိုင်တဲ့ ဧရာမ တွင်းနက်ကြီး ဖြစ်ပါတယ်။ ဒီ တွင်းနက်ကြီးကို Big Bang ကနေ စကြာဝဠာ မွေးဖွားအပြီး နှစ်သန်း ၅၇၀ ခန့်ကာလမှာ တွေ့မြင်ကြရတာ ဖြစ်ပါတယ်။

အခု တွေ့ရှိရတဲ့ ဧရာမ တွင်းနက်ကြီးဟာ ဒီလို ရှေးဦး မဟာတွင်းနက်ကြီး တွေ အများအပြား အနက်က တစ်ခုသာ ဖြစ်လိမ့်မယ်လို့ ပညာရှင် တွေက ယုံကြည် ကြပါတယ်။ 

ဒီလောက် စောတဲ့ ကာလမှာ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကြီးမားတဲ့ ဧရာမ တွင်းနက်ကြီးတွေ မွေးဖွား ဖြစ်ပေါ်လာနိုင်သလဲ ဆိုတဲ့ မေးခွန်းကို ပညာရှင်တွေ အဖြေရှာဖို့ ကြိုးစားနေ ခဲ့ကြနာ ကြာခဲ့ပါပြီ။ ဒီလောက် သက်တမ်း အချိန် တိုလေး အတွင်းမှာ ဒီလောက်ကြီးတဲ့ black hole ကြီးတွေ ဖြစ်ဖို့အတွက် အချိန် လုံလောက်မှု  မရှိပါဘူး။

နောက်ပြီး ဘာ့ကြောင့် ရှေးဦး တွင်းနက်ကြီးတွေ အများအပြား မွေးဖွားခဲ့ သလဲ ဆိုတာနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကြီးလာကြသလဲ ဆိုတာနဲ့ ပါတ်သက်လို့လဲ အဖြေ ပေးနိုင်စွမ်း မရှိကြပါဘူး။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: