Skip to content

သိပ္ပံပညာရှင်များက အာကာသယာဉ်မှုးများ၏ မစင်မှ အစာထုတ်ရန် သုတေသနပြု

အာကာသယာဉ်မှူးများ၏ မစင်မှ အစာပြန်ထုတ်မည်

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းပေါ်က အာကသ ယာဉ်မှူးများဟာ ကျင်ငယ်ရည်က ပြန်ပြီး သန့်စင်ထားတဲ့ သောက်ရေကို သောက်ကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ အာကာသထဲကို အစားအစာနဲ့ ရေအလုံအလောက် သယ်သွားဖို့ဆိုတာ မလွယ်လို့ပါ။

အင်္ဂါဂြိုလ်ကို လူလွှတ်ဖို့ ကြိုးစားနေတဲ့ သိပ္ပံပညာရှင်တွေအနေနဲ့ လုံလောက်တဲ့ အစားအစာ ဘယ်လိုသယ်သွားရမလဲဆိုတာ ပဿနာကြီး တစ်ခုဖြစ်နေပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ် တက္ကသိုလ်က သိပ္ပံပညာရှင်များဟာ ဒီပြဿနာကို ဖြေရှင်းဖို့ အာကသ ယာဉ်မှူးများရဲ့ မစင်ကနေ အစားအစာ ပြန်ထုတ်နိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ ကြပါတယ်။

ရွံစရာ ကောင်းတယ်လို့ သင်ထင်ပါသလား။ ဒီသိပ္ပံပညာရှင် တစ်စုရဲ့ ကြိုးစား အားထုတ်မှုဟာ ချီးကျူးစရာ ကောင်းပေမယ့် သူတို့နည်းရဲ့ ရလဒ်က မစင်ကို စားလို့ရတဲ့ အခြေအနေထိတော့ ဖန်တီးမပေးနိုင် သေးပါဘူး။ သူတို့ရဲ့ နည်းက မစင်ထဲက ရေနဲ့ အခဲတွေကို လေမဲ့ဘက်တီးရီးယားတွေ သုံးပြီး ချေဖျက်တဲ့ နည်းပဲ ဖြစ်ပါတယ်။

ဒီနည်းက အောက်စီဂျင် မလိုတဲ့ အတွက် အာကသထဲမှာ ရှားပါးတဲ့ အောက်ဆီဂျင်ကို သုံးစွဲစရာ မလိုတော့ပါဘူး။ ကျွန်တော်တို့ အစာစားပြီး အစာအိမ်နဲ့ အူထဲမှာ အစာချေတဲ့ ပုံစံနဲ့ ခပ်ဆင်ဆင် တူတဲ့ နည်းဖြစ်ပါတယ်။ အူထဲက အစာခြေတဲ့ ဖြစ်စဉ်မှာ ထွက်လာတဲ့ မိသိန်းဓါတ်ငွေ့ကို အူထဲက (Methylococcus capsulatus) ဘက်တီးရီးယား တွေက သုံးပြီး အစာခြေသလိုမျိုးပေါ့။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: