Skip to content

မှတ်ဉာဏ် ကောင်းအောင် ဘယ်လိုလုပ်မလဲ

  • Mind
မှတ်ဉာဏ်ကောင်းအောင် ဘယ်လိုလုပ်မလဲ

လူတစ်ယောက် ဘယ်လောက် မှတ်ဉာဏ် ကောင်းတယ်မကောင်းဘူး ဆိုတာ ဦးဏှောက်ဘယ်လောက် ကျန်းမာပြီး ဘယ်လောက် သွက်လက်လဲ ဆိုတာပေါ် အဓိက မူတည်ပါတယ်။ သင်ဟာ အထက်တန်း ကျောင်းသား တစ်ယောက်ပဲ ဖြစ်စေ၊ တက္ကသိုလ်က ဘွဲ့လွန်တက်နေတဲ့ ကျောင်းသားပဲ ဖြစ်စေ၊ အသက်ကြီးလာလို့ မှတ်ဉာဏ် မကောင်းတော့လို့ ဉာဏ်ကောင်းချင် လို့ပဲ ဖြစ်ဖြစ် အောက်ပါနည်းလမ်း တွေဟာ သင့်ဦးဏှောက်ကို ရှင်သန် အားကောင်းစေပြီး သင့်မှတ်ဉာဏ်ကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

နည်းလမ်း (၁)။ ဦးဏှောက်ကို အလုပ်များများ လုပ်ခိုင်းပါ

ဦးဏှောက်ဟာ လူ့ ကြွက်သားတွေလိုပါပဲတဲ့။ သူ့ကို အလုပ်များများ လုပ်ခိုင်းလေ သူက ပိုပြီး ကျန်းမာ သန်စွမ်း လေပါပဲ။ သူ့ကို မခိုင်းပဲ ထားရင် တဖြည်းဖြည်း တုံးသွား တတ်ပါတယ်။ ဒါ့ကြောင့် ဦးဏှောက်ကို အလုပ်များများ လုပ်ခိုင်းပြီး လေ့ကျင့်ခန်း များများ လုပ်ပေးပါတဲ့။ ဘယ်လို လေ့ကျင့်ခန်းမျိုးတွေလဲ ဆိုတော့

(၁) ကိုယ်လုပ်နေကျ ကျွမ်းကျင်တဲ့ အလုပ်မျိုး မဟုတ်တဲ့ အသစ်သင်တာမျိုး လုပ်ပါတဲ့။ ဥပမာ ပုံမဆွဲတတ်ရင် ပုံဆွဲသင်တာမျိုး။ နောက်ဆုံး လွှမတိုက်တတ်ရင်တောင် လွှတိုက်သင်တာမျိုး

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: