Skip to content

ကမ္ဘာ့လေထု အထက်လွှာက ထူးဆန်းတဲ့ အပြာရောင် မိုးကြိုး တန်း

  • Earth
Blue-Jet-lightning

မိုးကြိုး မုန်တိုင်းတွေ ဖြစ်ပေါ်တဲ့ အခါမျိုးမှာ ကမ္ဘာမြေပြင်က ကြည့်ရင် ကောင်းကင် တခွင်လုံး လျှပ်စီးတွေ ထိန်ထိန်ညီး နေတာကို မြင်တွေ့ ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ် ကနေ မမြင်တွေ့ ရတဲ့ မိုးကြိုးမုန်တိုင်း ဖြစ်စဉ် အများအပြား ရှိနေပါသေးတယ်။ 

အခု ပုံမှာ မြင်တွေ့ရတာကတော့ ပစိဖိတ် သမုဒ္ဒရာ အတွင်းက နော်ရူး (Nauru) ဆိုတဲ့ ကျွန်းလေး ရဲ့ အပေါ်က မိုးတိမ်တွေ ကြားထဲမှာ ဖြစ်ပေါ်တဲ့ မိုးကြိုးမုန်တိုင်း အတွင်း တွေ့လိုက်ရတဲ့ အပြာရောင် မိုးကြိုးတန်း တစ်ခုရဲ့ ဓါတ်ပုံပဲ ဖြစ်ပါတယ်။

ဒီ ဓါတ်ပုံကို အပြည်ပြည် ဆိုင်ရာ အာကသ စခန်းပေါ်က ကင်မရာ ကနေ ရိုက်ကူး ထားခဲ့တာ ဖြစ်ပါတယ်။ ဒီ ဖြစ်စဉ် ဖြစ်ပျက်ခဲ့တာဟာ ၂၀၁၉ ဖေဖော်ဝါရီ လ အတွင်းက ဖြစ်ပျက် သွားခဲ့တာ ဖြစ်ပါတယ်။

ဒီ ထူးဆန်းပြီး ရှားပါးတဲ့ အပြာရောင် မိုးကြိုးတန်း ဖြစ်စဉ်ကို Nature သုတေသန ဂျာနယ်မှာ တင်ပြ ထားပါတယ်။ ဒီ သုတေသန စာတမ်းကို အပြည်ပြည် ဆိုင်ရာ အာကာသ စခန်း ပေါ်က Atmosphere-Space Interactions Monitor (ASIM) အဖွဲ့သား များက တင်သွင်းတာ ဖြစ်ပါတယ်။

ဒီ ASIM အဖွဲ့ဟာ အပြည်ပြည် ဆိုင်ရာ အကာသ စခန်းပေါ်မှာ တပ်ဆင်ထားတဲ့ ပုံဖမ်း ကင်မရာတွေ၊ ခရမ်းလွန် ရောင်ခြည် အာရုံခံ ကိရိယာတွေ၊ X-ray နဲ့ ဂမ္မာရောင်ခြည် အာရုံခံ ကိရိယာ တွေကို အသုံးပြုပြီး ကမ္ဘာ အပြင်ဖက် အာကာသ အတွင်း ဖြစ်ပေါ်တဲ့ မိုးကြိုးမုန်တိုင်း ဖြစ်စဉ် တွေကို ရှာဖွေ လေ့လာနေတာ ဖြစ်ပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: