Skip to content

အလွယ်တကူ သယ်ယူနိုင်မည့် အသေးစား အဏုမြူ ဓါတ်ပေါင်းဖိုများ

portable-nuclear-reactor

ကွန်တိန်နာ တစ်လုံးထဲ ထည့်ပြီး သယ်သွားလို့ ရတဲ့အထိ သေးငယ်တဲ့ အဏုမြူ ဓါတ်ပေါင်းဖို အသေးစား လေးတွေကို ထုတ်လုပ်နိုင်ဖို့ အမေရိကန် အစိုးရ အေဂျင်စီ တွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းပြီး ကျိုးပမ်း နေပါတယ်။ 

Radiant Nuclear ကုမ္ပဏီဟာ အမေရိကန် အစိုးရရဲ့ အိုင်ဒေဟို အမျိုးသား ဓါတ်ခွဲခန်း (Idaho National Laboratory) နဲ့ အာဂွန်း အမျိုးသား ဓါတ်ခွဲခန်း (Argonne National Laboratory) တို့နဲ့ ပူးပေါင်းပြီး အဏုမြူ ဓါတ်ပေါင်းဖို အသေးလေးတွေကို စမ်းသပ်နေတာ ဖြစ်ပါတယ်။

ရေဒီးယန့် စက်မှုလုပ်ငန်းဟာ သူ့ရဲ့ အဏုမြူ ဓါတ်ပေါင်းဖို အသေးတွေကို အလွယ်တကူ သယ်ဆောင် သွားနိုင်ပြီး စွမ်းအင်အားဖြင့် ၁ မက်ဂါဝပ် ပမာဏကို ထုတ်ပေးနိုင်ဖို့ ရည်ရွယ် သုတေသနပြု စမ်းသပ်နေတာ ဖြစ်ပါတယ်။ ဒီ စွမ်းအင် ပမာဏဟာ သာမန် အိမ်အလုံး ၁,၀၀၀ ကို လျှပ်စစ်ဓါတ်အား ပေးနိုင်ဖို့ လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: