Skip to content

မစ်ကီးဝေး ဂလက်ဆီရဲ့ ဗဟိုက ပေါက်ကွဲမှုများ

  • Space
မစ်ကီးဝေး ဂလက်ဆီရဲ့ ဗဟိုမှာ နေအစင်း ၄ သန်းလောက် ဒြပ်ထုပမာဏရှိတဲ့ black hole ကြီး တစ်ခု ရှိပါတယ်

ကျွန်တော်တို့ မစ်ကီးဝေး ဂလက်ဆီ ကြယ်စုကြီးရဲ့ အလယ်ဗဟိုမှာ အလွန် ကြီးမားတဲ့ မဟာ တွင်းနက်ကြီး (Supermassive Black Hole) တစ်ခု ရှိနေပါတယ်။ ဒီ တွင်းနက်ကြီးကို Sagittarius A* ဆက်ဂျစ်တေးရီးယပ်စ် အေ လို့ အမည် ပေးထားပါတယ်။ 

ဒီ မဟာ တွင်းနက်ကြီးဟာ ကမ္ဘာကနေဆို အလင်းနှစ် ၂၆,၀၀၀ လောက် ကွာဝေးပါတယ်။ ဒီ တွင်းနက်ကြီးရဲ့ ဒြပ်ထုဟာ နေ အလုံးပေါင်း ၄ သန်းလောက် ပမာဏနဲ့ ညီမျှပါတယ်။

ဒီ Sagittarius A* မဟာ တွင်းနက်ကြီးကို နက္ခတ် ပညာရှင်တွေ ဖြစ်တဲ့ ဘရုစ် ဘာလစ် (Bruce Balick) နဲ့ ရောဘတ် ဘရောင်း (Robert L. Brown) တို့က ၁၉၇၄ ခုနှစ်မှာ ရှာဖွေ တွေ့ရှိခဲ့ ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ မစ်ကီးဝေး အတွင်းက ထွက်လာတဲ့ ရေဒီယို လှိုင်းတွေကို လေ့လာနေရင်းက မစ်ကီးဝေးရဲ့ ဗဟိုကနေ အင်အားကောင်းတဲ့ ရေဒီယို လှိုင်းတွေ ထွက်လာနေတာကို စူးစမ်း ခဲ့ရာကနေ တွေ့ရှိခဲ့ ကြတာ ဖြစ်ပါတယ်။

... see more (ဆက်ဖတ်ရန် နှိပ်ပါ)
error: